ကလေးမြို့ စီးစံရွာမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF၊ CNDF ပူးပေါင်း တပ်ဖွဲ့တို့ ဒီဇင်ဘာ ၂၀ ရက် မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဘက် က နှစ်ဦး သေဆုံးပြီး PDF ဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
- 2021-12-21
-
-
-
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF၊ CNDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၂၀ ရက် မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က နှစ်ဦး သေဆုံးပြီး PDF ဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေက လမ်းလျှောက်ချီတက်လာပြီး စီးစံရွာနားအရောက် မနက် ၁၀ နာရီခန့်မှာ ကလေး PDF နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မနေ့ညနေပိုင်းမှာ စစ်တပ်က စီးစံရွာထဲတပ်စွဲခဲ့ပြီး ည ၈ နာရီခန့်မှာ နာရီဝက်ခန့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့လို့ စစ်တပ်ဘက်က နှစ်ဦး သေဆုံးပြီး PDF (Kalay) တပ်ရင်း ၆ က တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၁ ရက် ဒီနေ့မနက်မှာ စစ်တပ်က နဂါးပွက်ရွာဘက်ရောက်လာပြီး နည်းပညာ တက္ကသိုလ်မှာလည်း စစ်သားတချို့ ထပ်မံတပ်စွဲထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် တိုက်ပွဲတွေထပ်ဖြစ်နိုင်တာမို့ ပြည်သူတွေ လုံခြုံစွာနေထိုင်ကြဖို့လည်း ကလေး PDF က သတိပေး ထုတ်ပြန်ထားပါတယ်။