ကလေးဒေသ စစ်ကောင်စီနယ်မြေရှင်းမှု ဒေသခံ သောင်းနဲ့ချီထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရှားတော၊ လယ်ခြားရွာတွေကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၃ ရက် မနက် ရှစ်နာရီခွဲအချိန်မှာ နင်းမိုင်း၊ ဆွဲမိုင်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရှိသွားတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ranger Kalay Defend Force) ကထုတ်ပြန် ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံခုခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တောတောင်များဆီကို ထွက်ပြေးနေကြသော ကလေးဒေသခံများ။ Photo: Ranger Kalay Defend Force

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရှားတော၊ လယ်ခြားရွာတွေကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၃ ရက် မနက် ရှစ်နာရီခွဲအချိန်မှာ နင်းမိုင်း၊ ဆွဲမိုင်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရှိသွားတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ranger Kalay Defend Force)ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေက PDF စခန်းကို စစ်ကြောင်း ၃ကြောင်း၊ အင်အား၁၂၀ ကျော်နဲ့ ပိတ်ဆို့စခန်းသိမ်းဖို့ လာရောက်စဉ်မှာ ကြိုတင်သတင်းရရှိတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဖမ်းဆီး၊ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာမရှိသေးသလို RFAကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ နယ်မြေရှင်းလင်းရေးဆိုတဲ့အကြောင်းချက်နဲ့ ရွာတွေထဲကို ဝင်ရောက်လာပြီး နိုဝင်ဘာ ၂၈ရက်မှာရေရှင်ကျေးရွာက နေအိမ် ၁၅လုံး၊ဒီဇင်ဘာ၂ရက်နေ့မှာလယ်ခြားကျေးရွာက နေအိမ်၂၃ လုံးနဲ့စပါးကျီ ၁၁လုံး၊ကုက္ကိုလ်ကျေးရွာက နေအိမ် ၃လုံးနဲ့ရှားတောကျေးရွာက နေအိမ် ကိုးလုံးကို မီးရှို့ဖျက်ဆီး သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာ ၁ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေက အင်းကျွန်းရွာသား ၄ဦးနဲ့ရေရှင်ရွာသား၁ဦးကိုဖမ်းဆီးပြီး အင်းကျွန်းကျေးရွာအနီးက လယ်တဲ ၂ခုမှာ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ရေရှင်ကျေးရွာသားတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေကြောင့် ရေရှင်၊ အင်းကျွန်း၊ ကျောက်ဆည်၊ ကျောက်ဖူး၊ မန္တာ၊ ရှားတော၊ လယ်ခြား၊ ကုက္ကိုလ်၊ တင်သား၊ ဒိုးနွယ်၊ နွားရွာ၊ ကြံသာ၊ ရှားဖို၊ ထလုံး၊ အရှေ့စည်းစတဲ့ကျေးရွာက ဒေသခံ တစ်သောင်းကျော်ဟာ နီးစပ်ရာ တောတောင်တွေမှာ ထွက်ပြေးနေရတာ တစ်ပတ်လောက်ရှိပြီလို့ ဆိုပါတယ်။

ကလေးမြို့မှာတော့ နိုဝင်ဘာလအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကလေး PDF တပ်ဖွဲ့ဝင် အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ကလေးPDF က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org