ကနီမြို့က လမ်းခင်းရာမှာပါတဲ့ လယ်မြေတွေအတွက် လျော်ကြေးပေးမယ်

စစ်ကိုင်းတိုင်းဒေသကြီး ကနီ-မင်းကင်းမြို့မလမ်း ဖောက် လုပ်ရာမှာ ပါသွားတဲ့ မြေယာတွေအတွက် လျော်ကြေးပေးဖို့ စာရင်းတွေ လိုက်လံကောက်ယူပြီး ၂၀၁၇ခုနှစ် ဘတ်ဂျက်မှာ ရရှိအောင် တင်ပြပေးသွားမယ်လို့ ကနီမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြော ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီ-မင်းကင်းမြို့မလမ်း ဖောက်လုပ်ရာမှာ ပါသွားတဲ့ မြေယာတွေအတွက် လျော်ကြေးပေး ဖို့ စာရင်းတွေ လိုက်လံကောက်ယူပြီး ၂၀၁၇ခုနှစ် ဘတ်ဂျက်မှာ ရရှိအောင် တင်ပြပေးသွားမယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

လမ်းခင်းရာမှာ ပါသွားပြီး လျော်ကြေးမရသေးတဲ့ ကနီမြို့ဘက်က တောင်သူတွေကို လျော်ကြေးပေး ဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားတဲ့အတွက် စာရင်းတွေ ကောက်ယူနေတာဖြစ်တယ်လို့ ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

"ပြီးခဲ့တဲ့လွှတ်တော်မှာ ဒေါ်ခင်မိုးလွင်ပေါ့ဗျာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မင်းကင်းက ကိုယ်စား လှယ် သူက တောင်းဆိုထားတာ။ အဲ့ဟာက ကျတာပေါ့ဗျာ။ မင်းကင်းဘက်က လျော်ကြေးရပြီးတော့ ကနီဘက်က မရဘူးပေါ့ဗျာ၊ လမ်းလျော်ကြေး၊ အဲဒီမှာ ကျွန်တော်တို့က တိုင်းဒေသကြီးအစိုး ရရော ပြည်ထောင်စုအစိုးရရော တောင်းဆိုလိုက်တဲ့အခါမှာ လျော်ကြေးတွေချပေးဖို့ ပြည်ထောင်စုက ညွှန်ကြားလိုက်တာပေါ့နော်။ ကျန်ရစ်ခဲ့တဲ့သူမရှိအောင် အဲ့ဒါကို စိစစ်ပြီးတော့ အစိုးရကို စာပို့ပေး ရမှာပေါ့ဗျာ။ အခု စာရင်းတွေ အတိကျလိုက်နေတယ်။ စာရင်းတွေအတိကျရရင်တော့ ၂၀၁၇ ဘတ်ဂျက်ထဲမှာ အပြီးချပေးမှာပါ။"

ကနီမြို့နယ်ဘက်မှာ လျော်ကြေးပေးဖို့ ကျန်ရှိနေတဲ့ လယ်ယာမြေဧက ၁၀၀ ကျော်ရှိပြီး လယ်မြေအတွက် တစ်ဧကကို ၁၂သိန်းနဲ့ ယာမြေ တစ်ဧကကို ၆ သိန်းနှုန်းနဲ့ အစိုးရက ပေးလျော်သွားမယ်လို့ သိရပါတယ်။

လျော်ကြေးရဖို့ ကျန်ရှိနေတဲ့ တောင်သူတွေရဲ့ စာရင်းကောက်ယူရမှာ စနစ်တကျဖြစ်အောင် မြေစာရင်းဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက စာရင်းကောက်ယူနေတယ် လို့ ပြောပါတယ်။

မင်းကင်း-ကနီလမ်းကို ၂၀၁၄-၂၀၁၅ ခုနှစ်က စတင်ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org