ကန့်ဘလူမှာ နောက်ထပ် တောင် သူ ၃၁ ဦးကို ထောင်ဒဏ်တွေ ချမှတ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တရားရုံးက စစ်တပ်နဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေ တဲ့ ကျေးရွာ ၄ ရွာက ရွာသား ၃၁ ယောက် ကို မနေ့ က ထောင်ဒဏ် ၃ လကနေ ၃ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။

လယ်ထွန်နေတဲ့ လယ်သမားများကို တွေ့ရစဉ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တရားရုံးက စစ်တပ် နဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျေးရွာ ၄ ရွာက ရွာသား ၃၁ ယောက်ကို မနေ့က ထောင်ဒဏ် ၃ လ ကနေ ၃ နှစ်အထိ အသီးသီးချမှတ်ခဲ့ပါတယ်။

ကျန်တဲ့ တောင်သူတွေကိုလည်း လာမယ့် ဇူလိုင် လ၂၁ ရက်နေ့မှာ ရုံးချိန်းခေါ်ထားတယ်လို့ တရားစွဲဆိုခံထား သူတွေထဲက ခအုန်းသာကျေးရွာက တောင်သူ ဒေါ် တင်တင်စန်းက ပြောပါတယ်။

"စစ်တပ်ကနေပြီးတော့ ၂ဝ၁၃ က မူလပိုင်ရှင်တွေ ကို ပြန်ပေးပြီးတော့ လုပ်စားပိုင်ခွင့် ပုံစံ ၃ တွေရော ချပေးထားလို့ တောင်သူတွေက လုပ်ကိုင်နေတာပါ၊ အခုတိုင်တဲ့ဟာတွေက သီးစားတွေကတိုင်တာ၊ လယ်သမားတွေ ၃ လအတွင်းကို ၅၄ ယောက်ရှိသွားပြီ ၂၁ ရက်နေ့ကို လူပေါင်း ၂ဝဝ ကျော် ၃ဝဝ လောက်တော့ ရုံးချိန်းရှိပါတယ်"

ကန့်ဘလူမြို့နယ်မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က ကြံစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်မြေဧက ၁ သောင်းကျော်မှာ တောင်သူတွေက ဝင်ရောက်ထွန်ယက်လို့ဆိုပြီး ကန့်ဘလူမြို့နယ် ကျေးရွာတွေက တောင်သူ ၂၀၀ ကို တရားစွဲထားပြီး မနေ့ကအထိ တောင်သူ ၅၄ ဦးကို ထောင်ဒဏ် ၃ လကနေ ၃ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

အဲဒီတောင်သူတွေကို စစ်တပ်က တရားစွဲတာမဟုတ်ပဲ သီးစားလုပ်ခွင့်ရထားတဲ့သူတွေက အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ ၊ ပိုင်နက်ကျူးလွန်မှာ ၄၄၇ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်က လယ်ဧကတစ်သောင်းကျော်ကို ၁၉၉၉ ခုနှစ်မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က သိမ်းယူခဲ့ရတာဖြစ်ပြီး အဲဒီနေရာမှာ သကြားစက်တည်ဆောက်ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org