တိုင်းရင်းသားတွေကို လေးစားဖို့ ကရင်အဖွဲ့အစည်းတွေ တောင်းဆို

လူထုအခြေပြု ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းဖို့နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လေးစား လိုက်နာဖို့ အစိုးရက ဆောင်ရွက်ပြီး နေရပ်စွန့်ခွာသူတွေကို နိုင်ငံတကာက ဆက်လက် ကူညီထောက်ပံ့ဖို့ သံလွင်ငြိမ်းချမ်းရေးကော်မတီနဲ့ KESAN ကရင်သဘာဝပတ်ဝန်းကျင်နဲ့ လူမှုလှုပ်ရှားမှုကွန်ရက်အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ အူတူထပြည်တွင်းဒုက္ခသည်စခန်းမှာ ဌာနေတိုင်းရင်းသားနေ့ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့စဉ် Photo: Karen Environmental and Social Action Network (KESAN)

လူထုအခြေပြု ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းဖို့နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အစိုးရက ဆောင်ရွက်ပြီး  နေရပ်စွန့်ခွာသူတွေကို နိုင်ငံတကာက ဆက်လက်ကူညီထောက်ပံ့ဖို့ သံလွင်ငြိမ်း ချမ်းရေးကော်မတီနဲ့ KESAN ကရင်သဘာဝပတ်ဝန်းကျင်နဲ့ လူမှုလှုပ်ရှားမှုကွန်ရက်အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့မှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ ကရင်လူထုနဲ့ ကရင်မိတ်ဖက်လူမှုအဖွဲ့တွေပူးပေါင်းပြီး ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ အူတူထပြည်တွင်းဒုက္ခသည် စခန်းမှာ ဌာနေတိုင်းရင်းသားနေ့ အခမ်းအနားကျင်းပပြီး ကြေညာချက်ထုတ်ပြန်တာပါ။

ကရင်တိုင်းရင်းသားတွေဟာ ဘိုးစဉ်ဘောင်ဆက် သဘာဝ တောတောင်ရေမြေနဲ့ ယှဉ်တွဲနေထိုင်လာကြပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေ၊ အကြီးစား ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် နေရပ်ကစွန့်ခွာထွက်ပြေးကြရတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သစ်တရားမဝင်ခုတ်လှဲလို့ သစ်တောပြုန်းတီးနေတဲ့ ကရင်ပြည်နယ်အတွင်း ၄ နှစ်ကြာ သုတေသနလုပ်ပြီး သစ်ခွမျိုးစိတ် ၁၂ဝ ကျော်အကြောင်း ပြုစုထားတဲ့ ပန်းမာလ်စုံလင်လှ- လူမှုဘဝသာယာလှ ဆိုတဲ့ အစီရင်ခံစာကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီမျိုးစိတ်တွေထဲ တချို့ဟာ ရှားပါးတဲ့အပြင် လူမသိသေးတဲ့ သစ်ခွတွေဖြစ်ပြီး တချို့မျိုးစိတ်တွေကတော့ မျိုးပြုန်းတော့မယ့် အခြေအနေရှိတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org