ကရင်နိုင်ငံရေးပါတီ အားလုံးပေါင်းရန် ငြိမ်းချမ်းရေး ရဖို့လိုအပ်

ကရင်တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အားလုံး တစ်ပါတီတည်းအဖြစ် ပေါင်းနိုင် ဖို့ဆိုရင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တခြား လက်နက်ကိုင် ကရင်တိုင်းရင်းသားအဖွဲ့တွေ အားလုံး ငြိမ်းချမ်းရေးယူပြီး နိုင်ငံရေးပါတီတွေအဖြစ် ရောက်လာမှသာ ဖြစ်လာနိုင်မယ်လို့ ဘားအံမြို့မှာ ကျင်းပနေတဲ့ ကရင်နိုင်ငံရေးပါတီခေါင်းဆောင်များ စည်းဝေးပွဲ က ပြောပါတယ်။

ဘားအံမြို့မှာ စက်တင်ဘာလ ၁၄ နှင့် ၁၅ ရက်နေ့က ကရင်နိုင်ငံရေးပါတီများပေါင်းစည်းရေး စည်းဝေးပွဲကျင်းပနေစဉ် photo: RFA/ Kyaw Lwin Oo

ကရင်တိုင်းရင်းသား နိုင်ငံရေးပါတီတွေအားလုံး တစ်ပါတီတည်းအဖြစ် ပေါင်းနိုင်ဖို့ဆိုရင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တခြားလက်နက်ကိုင် ကရင်တိုင်းရင်းသားအဖွဲ့တွေ အားလုံး ငြိမ်းချမ်းရေးယူပြီး နိုင်ငံရေးပါတီတွေ အဖြစ် ရောက်လာမှသာ ဖြစ်လာနိုင်မယ်လို့ ဘားအံမြို့မှာကျင်းပနေတဲ့ ကရင်နိုင်ငံရေး ပါတီခေါင်းဆောင်များ စည်းဝေးပွဲက ပြောပါတယ်။

ဒီနေ့ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်စားဥယျာဉ်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ကရင်တိုင်းရင်းသား ပါတီတွေ ဆွေးနွေးပွဲမှာ ကရင်ပါတီတွေအားလုံး တစ်ပါတီတည်းဖြစ်ရေးအတွက် လိုအပ်ချက်ကို သဘောထားမှတ်ချက်ပေးခဲ့ကြဖြစ်တယ်လို့ ကရင်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစောသာထူးကျော်က RFA ကို အခုလို ပြောပါတယ်။

မနေ့က စတင်ကျင်းပတဲ့ ကရင်နိုင်ငံရေးပါတီတွေ ဆွေးနွေးပွဲကို ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီစတဲ့ ကရင်တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

သဘောတူဆုံးဖြတ်ချက် ၁ဝ ချက်မှာပါရှိတဲ့ အချက်တချို့ကတော့ ကရင်နိုင်ငံရေးပါတီတွေအားလုံး တစ်ပါတီတည်းအဖြစ်ပေါင်းစည်းရေး၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီတွေညှိနှိုင်းဆောင်ရွက်ရေးနဲ့ ကရင်ပြည်နယ်ဒေသအားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးစတဲ့ အချက်တွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org