ကရင်အဖွဲ့အစည်းအားလုံး တက်ရောက်တဲ့ ဘားအံမြို့က ဆွေးနွေးပွဲ

လာမယ့် အမျိုးသားအဆင့်နိုင် ငံရေးဆွေးနွေးပွဲမှာ ကရင်လူမျိုးတွေ သဘောထားကို တင်ပြနိုင်ဖို့အတွက် ကရင်အမျိုးသား အဆင့် နိုင်ငံရေးတွေ့ဆုံပွဲကို ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ကျင်းပနေပါတယ်။

ကရင်အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံပွဲကို ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ အောက်တိုဘာလ ၁၂ ရက်နေ့ကစတင် ကျင်းပစဉ် Photo: ကရင်အမျိုးသားမီဒီယာ

လာမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ ကရင်လူမျိုးတွေသဘောထားကို တင်ပြနိုင်ဖို့အတွက်  ကရင်အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံပွဲကို ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ကျင်းပနေပါတယ်။

ကရင်လူမှုအဖွဲ့အစည်းတွေ ဘယ်လို ပူးပေါင်းကြမလဲဆိုတာကို ဆွေးနွေးကြတာလို့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

"ကရင်တွေရှိတဲ့ ဒေသအတွင်းမှာ ပြည်နယ်တိုင်းဒေသမှာ လူမျိုးအလိုက်ဆွေးနွေးတဲ့ကိစ္စ ဒေသ အလိုက်ဆွေးနွေးတဲ့ကိစ္စမှာ ကျနော်တို့ ကရင်အဖွဲ့အစည်းတွေက ဘယ်လိုပူးပေါင်းဆောင်ရွက် မလဲ၊ နိုင်ငံရေးအဖွဲ့အစည်းတွေရော လူမှုရေးအဖွဲ့အစည်းတွေရော နိုင်ငံရေးပါတီတွေရော ကရင်လက်နက်ကိုင်တွေဖြစ်တဲ့ KNU/KNLA၊ KNU၊ DKBA စတဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့ကိစ္စကို ဆွေးနွေးတာဖြစ်တယ်"

ဒီကရင်အမျိုးသားတွေဆုံပွဲကို ကရင်အမျိုးသား ကရင်လက်နက်ကိုင်အဖွဲ့တွေ၊ ကရင်အရပ်ဘက်အဖွဲ့တွေ ၊ကရင်နိုင်ငံရေးပါတီတွေ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊အခြားတိုင်းနဲ့ ပြည်နယ်တွေက ကရင်အဖွဲ့အစည်းတွေပါ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ပြည်ထောင်စုအဆင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးတဲ့အခါ ကရင်လူမျိုးတွေအနေနဲ့ အဆင့်သင့်ဖြစ်အောင် ပြင်ဆင်တဲ့အနေနဲ့ ဆွေးနွေးကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကရင်အမျိုးသားတွေ့ဆုံပွဲကို အောက်တိုဘာ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ် ပါတယ်။

အဲဒီ ကရင်အမျိုးသား ဆွေးနွေးပွဲရဲ့ ဖွင့်ပွဲမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကေအဲန်ယူ ဥက္ကဌ မူတူးစေးဖိုး တို့က တတ်ရောက်အမှာစကားပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org