ကရင်အဖွဲ့အစည်းတွေ နိုင်ငံရေး လုပ်ငန်းစဉ် စတင်ဆွေးနွေး

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ကရင်လူမှုရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ပထမဆုံးအကြိမ် ကရင့်ရေးရာ အစည်းအဝေးကို ဒီကနေ့မနက်က စတင်ပြီး ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်ခန်းမမှာ ကျင်းပနေပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မတ်လ ၂၉ ရက်နေ့ကကျင်းပ ခဲ့တဲ့ ကရင်ရေးရာ အစည်းအဝေး အခမ်းအနားကို တွေ့ရစဉ် photo: RFA/ Moe Thu Aung

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ကရင်လူမှုရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ပထမဆုံးအကြိမ် ကရင့်ရေးရာ အစည်းအဝေးကို ဒီကနေ့မနက်က စတင်ပြီး ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်ခန်းမမှာ ကျင်းပနေပါတယ်။

တိုင်းရင်းသားအားလုံး လိုလားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခမ်းအနားမှာ အခုလိုပြောကြားခဲ့ပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲ ပုံစံချမှတ်ခြင်းနဲ့ ဆွေးနွေးရမည့်အချက်များ ရွေးချယ်သက်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အများစုရဲ့ သဘောတူညီချက်ရယူပြီး လုံလောက်တဲ့ရေးဆွဲခြင်းနဲ့ အချိန်ကာလသတ်မှတ်ခြင်းတို့ကို ပြုလုပ် ရမှာဖြစ်ပါတယ်၊ ဆွေးနွေးရမယ့် အခြေခံအချက်အလက်တွေ သတ်မှတ်တဲ့ပုံဖြစ်ပြီး ဖက်ဒရယ်စနစ် အာဏာခွဲဝေမှုနဲ့ သယံဇာတအရင်းအမြစ် ခွဲဝေသုံးစွဲခြင်းကိစ္စတွေကို အဖွဲ့အစည်းအသီးသီး အားလုံးကလက်ခံနိုင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေရရှိအောင် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်"

အဲဒီအခမ်းအနားမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ  ဦးအောင်မင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဗိုလ်ချုပ် ထိန်မောင်အပြင် ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်တို့ကလည်း အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

ဒီနေ့ မတ်လ ၂၉ ရက်ကနေ စတင်ပြီး ၂ ရက်ကြာကျင်းပမယ့် ကရင့်ရေးရာအစည်းအဝေးညီလာခံကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU၊ DKBA၊ KNLA စတဲ့အဖွဲ့တွေအပြင် ကရင်လူမှုရေး အဖွဲ့အစည်းတွေ၊ လေ့လာသူတွေလည်း တက်ရောက်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org