လေးကေ့ကော်တိုက်ပွဲမှာ စစ်ဘေးရှောင်သူ တစ်ထောင်ခန့်ရှိ

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီး ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မနက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူ တစ်ထောင်ဝန်းကျင်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

လေးကေ့ကော်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေသည်ကို ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ် Photo: People's Spring

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီး ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မနက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူ တစ်ထောင်ဝန်းကျင်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီမနက် ၁၁ နာရီလောက်က လေးကေ့ကော်မြို့ထဲမှာ ဖမ်းဆီးတာတွေလုပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တို့ တိုက်ပွဲဖြစ်ကြရာ ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဒေါက လူကွန်ယက်ရဲ့ အထွေထွေအတွင်းရေးမှူး ယအဲ့နက ပြောပါတယ်။

"လေးကေ့ကော်မှာ နေတဲ့သူ တော်တော်များများက ‌မနေရဲကြတော့ဘူးလေ။ ဟိုမနက် စစ်ဆေးကတည်း က ဘယ်သူမှ မနေရဲကြတော့ဘူးလေ။ လူဦးရေက ခန့်မှန်းလို့တော့ မရသေးဘူး၊ တစ်ထောင်လောက်တော့ ရှိမယ်"

လေးကေ့ကော်မြို့သစ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲမှာဖြစ်ပြီး ရပ်ကွက် (၆) ခုနဲ့ အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိပါတယ်။

စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၅ ရက် မနေ့က အဲဒီ်မြို့သစ်ထဲ တစ်အိမ်တက်ဆင်းကာ PDF တွေနဲ့ အာဏာဖီဆန်ရေး (CDM) လုပ်နေသူတွေကို ဖမ်းဆီးခဲ့ပါတယ်။

‌စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ မနေ့ကညပိုင်းအထိ တင်းမာခဲ့ကြပြီး ဒီ‌နေ့မနက်မှာတော့ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org