ကရင်နီ အမျိုးသမီးအသံ ညီလာခံ ကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ချစ်ကယ်ကျေးရွာအုပ်စုမှာရှိတဲ့ မောဒူဒီး ဘိုးဟိုး ခန်းမဆောင်မှာ ကရင်နီပြည် အမျိုးသမီးတွေရဲ့အသံ ညီလာခံကို ဒီနေ့ စတင်ကျင်းပနေ ပါတယ်။

ကရင်နီပြည် အမျိုးသမီးတွေရဲ့အသံ ညီလာခံကို စက်တင်ဘာလ ၁၉ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့နယ် က မောဒူဒီးဘိုးဟိုး ခန်းမဆောင်မှာကျင်းပစဉ် Photo: Thiri Nyein Chan

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ချစ်ကယ်ကျေးရွာအုပ်စုမှာရှိတဲ့ မောဒူဒီးဘိုးဟိုး ခန်းမဆောင်မှာ ကရင်နီပြည် အမျိုးသမီးတွေရဲ့အသံ ညီလာခံကို ဒီနေ့ စတင်ကျင်းပနေပါတယ်။

အမျိုးသမီးတွေဘ၀ လုံခြုံမှုမရှိတဲ့အခြေအနေနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်မရတဲ့ အခြေအနေတွေကို ဆွေးနွေးကြတာဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး မမီးမီးက ပြောပါတယ်။

ညီလာခံမှာ မူးယစ်ဆေးဝါးပြဿနာနဲ့အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

ညီလာခံကို ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး မနက်ဖြန်မှာ ကယားပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ အပြန်အလှန်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ညီလာခံကို ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကယားပြည် နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အစိုးရဌာနကိုယ်စားလှယ်တွေနဲ့ ကယားပြည်နယ် မြို့နယ် (၇) မြို့နယ်က လူထုကိုယ်စားလှယ် ၃၅၀ ကျော် တက်ရောက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org