အကျဉ်းသား ၁ဝဝ ကျော် ကို ကော့သောင်းထောင် ကနေ ပြောင်းရွှေ့

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အကျဉ်းထောင်က အကျဉ်းသား ၁၀၀ ကျော် ကို အကျဉ်းထောင် အာဏာပိုင်တွေနဲ့ အကြမ်းဖက် ပဋိပက္ခ ဖြစ်ခဲ့တာကြောင့် မနေ့ညနေပိုင်းက မော်လမြိုင် အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ ကော့သောင်း မြို့ခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အကျဉ်းထောင်က အကျဉ်းသား ၁၀၀ ကျော်ကို အကျဉ်းထောင် အာဏာပိုင်တွေနဲ့ အကြမ်းဖက်ပဋိပက္ခ ဖြစ်ခဲ့တာကြောင့် မနေ့ညနေပိုင်းက မော်လမြိုင် အကျဉ်းထောင်ကို ပြောင်းရေွှ့လိုက်တယ်လို့ ကော့သောင်းမြို့ခံတွေက ပြောပါတယ်။

အကျဉ်းသားတွေကို သင်္ဘောနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း ကော့သောင်းဆိပ်ကမ်းမှာ မြင်တွေ့ခဲ့ရတဲ့ ကော့သောင်းမြို့ခံတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"အချုပ်သားတွေ ပြောင်းလာတာ ပက်လက်ကား ၂ စီးပါတယ်၊ နောက်မှန်လုံကား ၁ စီးပါတယ်၊ နောက်ရဲချုပ်ကား ၁ စီးပါတယ်၊ လူ ၁၂၁ ယောက်လို့ပြောတယ်၊ အကျဉ်းသားတွေ ၄ ယောက်တစ်တွဲပေါ့နော်၊ ခြင်းထဲကိုထည့်ပြီးတော့ ကရိန်းနဲ့ဆွဲတယ်၊ ဆွဲပြီးတော့ သင်္ဘောဝမ်းဗိုက်ထဲကို ထိုးထည့်လိုက်တယ်"

စက်တင်ဘာလ ၁၃ ရက်နေ့က ကော့သောင်းအကျဉ်းထောင်မှာ အကျဉ်းသားအချင်းချင်း ရန်ဖြစ်ရာကနေ ထောင်အာဏာပိုင်တွေနဲ့ပါ အကြမ်းဖက်ပဋိပက္ခဖြစ်ပြီး ထောင်သားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကော့သောင်းမြို့ခံတွေကလည်း ဒီထောင်ကိစ္စကို ဖြေရှင်းပေးဖို့အတွက် နိုင်ငံတော်သမ္မတရုံးထံ စာရေးသားတင်ပြဖို့ စက်တင်ဘာ၁၈ ရက်နေ့ မနေ့က လက်မှတ်တွေ စုဆောင်းကောက်ယူခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org