ဟာသသရုပ်ဆောင် ကောင်းကျော် အဖမ်းခံရ

ဟာသ သရုပ်ဆောင် ကောင်းကျော်ကို ရန်ကုန်မြို့၊ သာကေတမြို့နယ်က သူ့နေအိမ်မှာ ဧပြီလ ၁၉ ရက် မနေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဟာသ သရုပ်ဆောင် ကောင်းကျော် ကို တွေ့ရစဉ် ဓာတ်ပုံ - ကောင်းကျော် - ဖေ့စ်ဘွတ်

ဟာသ သရုပ်ဆောင် ကောင်းကျော်ကို ရန်ကုန်မြို့၊ သာကေတမြို့နယ်က သူ့နေအိမ်မှာ ဧပြီလ ၁၉ ရက် မနေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဧပြီလ ၁၉ ရက် မနေ့ည ၁၀ နာရီခန့်မှာ အုပ်ချုပ်ရေးမှူး၊ ရဲနဲ့ စစ်သားတွေက သာကေတမြို့နယ် ၈ ရပ်ကွက် ပိတောက်ရွှေဝါလမ်းက ကောင်းကျော်ရဲ့အိမ်ကို ဧည့်စာရင်းစစ်ရင်းကနေ ခေါ်သွားခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦး က RFA ကို ပြောပါတယ်။

"ဘာမှတော့ ထွေထွေထူးထူး မေးတာ၊ ပြောတာ မရှိဘူး။ သန်းခေါင်စာရင်းတောင်းတယ်။ ကိုကောင်းကျော် ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ။ ဘာကြောင့်လို့ မပြောပါဘူး"

လက်ရှိအချိန်ထိ သူ့ကို ဘယ်ကို ဖမ်းဆီးခေါ်သွားတယ်ဆိုတာ မသိရသေးသလို မိသားစုနဲ့ လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီထောက်ခံတဲ့ ဟန်ငြိမ်းဦးဆိုတဲ့ တယ်လီဂရမ် ချန်နယ်တစ်ခုကနေ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတဲ့ လူရွှင်တော် ဟားငါးကောင်အဖွဲ့ကို ကောင်းကျော်က ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲထားပြီး မဟုတ်မှန်ကြောင်း ကောင်းကျော်က ပြန်ဖြေရှင်းခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်လ် စတဲ့ အနုပညာရှင် စုစုပေါင်း ၆၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ပိုင်တံခွန်နဲ့ ဒါရိုက်တာ ဝိုင်းတို့ကို ပြီးခဲ့တဲ့ မတ်လ ၂ ရက်က ပြန်လွှတ်ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org