ကောလင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။ Kawlin Revolution(KR)

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က နေအိမ်အချို့လည်း မီးရှို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က နှစ်ဖက် ထိတွေ့မှုဖြစ်တာရှိတယ်။ မနေ့က ညောင်ပင်သာရွာကို စစ်ကောင်စီ တပ်တွေဝင်တော့ လက်နက်ကြီးတွေ၊ သေနတ်တွေ ရမ်းပစ်လို့ ပြည်သူတွေထိတယ်။ တစ်ယောက်က ရင်ဘတ်ကိုထိမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ သုံးယောက်က ဒဏ်ရာရ တယ်။ နေအိမ်သုံးအိမ်နဲ့ စပါးတိုက်တစ်လုံးလည်း မီးရှို့ခံရတယ်”

သေဆုံးသွားသူဟာ အသက် ၃၃ နှစ်အရွယ် ကိုဇော်မင်းခိုင်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေ ကတော့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးဖြစ်ပြီး လက်၊ ညာပခုံးနဲ့ တင်ပါးတွေမှ ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ ပြောပါ တယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်စဉ်တွေကြောင့် ညောင်ပင်သာကျေးရွာအပါအဝင် အင်းတက်၊ သစ်ဆိမ့်ကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့လည်း ဒေသခံတွေ က ပြောပါတယ်။

ဖေဖော်ဝါရီ ၂ ရက် ဒီနေ့မနက်မှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းက ပဒုမ္မာကျေးရွာ ဘက်ကို ဝင်ရောက်လာတာကြောင့် အဲဒီရွာက ကျေးရွာသားတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေး ပါဘူး။ အရပ်သားတွေ ထိခိုက်သေဆုံးတာဟာ စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကျည်တွေကြောင့်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Kawlin Revolution (KR) ကတော့ ဖေဖော်ဝါရီ ၁ ရက် မနေ့မနက် ၈ နာရီကျော်လောက်မှာ ညောင်ပင်သာကိုဝင်နေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org