ကောလင်းမြို့ စီးပွားရေးဘဏ်ကနေ ကျပ်သန်း ၉၅၀ ကျော် NUG သိမ်းဆည်း

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ သိမ်းဆည်းထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့က မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သန်း ၉၅၀ ကျော် သိမ်းဆည်းရရှိထားတယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ NUG ရဲ့ ကြားကာလဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။

ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်မှ သိမ်းဆည်းရရှိသော လက်ကျန်ငွေကြေးများအား တွေ့ရစဉ်။ Central Bank of Myanmar

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ သိမ်းဆည်းထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့က မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သန်း ၉၅၀ ကျော် သိမ်းဆည်းရရှိထားတယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ NUG ရဲ့ ကြားကာလဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။

ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် သိမ်းဆည်းထားတဲ့ စာရင်းကို မှတ်တမ်းတင်ထားပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေတွေနဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေ နစ်နာဆုံးရှုံးမှု မရှိအောင် စနစ်တကျ စီမံခန့်ခွဲထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကောလင်းမြို့ကို NUGလက်အောက်က   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊  ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၆ ရက်နေ့မှာ သိမ်းဆည်းခဲ့တာပါ။

နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ ကောလင်းခရိုင်အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကောလင်းမြို့ပေါ်ကို နိုဝင်ဘာလ ၁၁ ရက် မနက်ကစပြီး စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းနဲ့ပါ ပြန်လည်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပေမဲ့ အခုလက်ရှိမှာတော့ မြို့ပေါ်အခြေအနေတည်ငြိမ်နေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org