လယ်ယာမြေဥပဒေ ပြင်ဆင်ပေးဖို့ ကယားပြည်နယ်မှာ တောင်းဆို

ကယားပြည်နယ် ဒီမောဆိုမြို့နယ် မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ လယ်ယာမြေ ဥပဒေအသုံးချမှုဆိုင်ရာ ဆွေးနွေးပွဲက လက်ရှိလယ်ယာမြေဥပဒေကို ပြန်လည်ပြင်ဆင်ပေး ဖို့ တောင်းဆိုလိုက်ပါတယ်။

လယ်ယာမြေ ဥပဒေအသုံးချမှုဆိုင်ရာ ဆွေးနွေးပွဲကို ဧပြီလ ၂၂ ရက်နေ့က ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ ကျင်းပနေစဉ် Photo: Nay Thwae/ RFA

ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ လယ်ယာမြေ ဥပဒေအသုံးချမှုဆိုင်ရာ ဆွေးနွေးပွဲက လက်ရှိ  လယ်ယာမြေဥပဒေ ကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ ၇ မရှိပေမယ့် ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့တဲ့ မြေတွေဟာ ၂၀၁၂ ခုနှစ်က ပြဌာန်း ထားတဲ့ လယ်ယာမြေဥပဒေ အရ မြေလွတ် မြေလပ်အဖြစ် သတ်မှတ်ခံထားရတဲ့အတွက် အဲဒီဥပဒေပါပြဌာန်းချက် ကို ပြင်ဆင်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ကရင်နီပြည်တောင်သူလယ် သမားဥက္ကဌ ကိုသဲရယ် က ပြောပါ တယ်။

"ပုံစံ ၇ ရတာဖြစ်ဖြစ်၊ မရတာဖြစ်ဖြစ်၊ ပုံစံ ၇ ရတာဆိုရင် နိုင်ငံတော်ပိုင်မြေဖြစ်တယ်၊ ကျနော်တို့မပိုင်ဘူး လို့ပြောထားတယ်၊ ပုံစံ ၇ ရှိတာတောင် ၆ လလောက် အသုံးမပြုပဲထားရင်နိုင်ငံတော်ပိုင်မြေဖြစ်သွား ပြီဆိုတာတွေကလည်း ကျနော်တို့အတွက် လုံးဝမသင့်လျော်တဲ့ ဥပဒေတစ်ရပ်လို့ ကျနော်တို့မြင်တယ်၊ အဲ့ဒီဥပဒေကို ပြင်ဆင်စေချင်ပါတယ်"

ကယားပြည်နယ်အဆင့် လယ်ယာမြေဥပဒေအသုံးချမှုဆိုင်ရာ ဆွေးနွေးပွဲကို ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဒေသတွင်းလယ်ယာမြေပြဿနာတွေနဲ့ တပ်သိမ်းမြေ ပြဿနာတွေအရေးကိုလည်း ဆွေးနွေးခဲ့ကြ ပါတယ်။

ဆွေးနွေးပွဲကို ကယားပြည်နယ် လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ၊ ကရင်နီပြည် လူငယ်များသမဂ္ဂ၊ တို့မြေကွန်ယက်နဲ့ လွိုင်ကော်၊ ဒီမောဆိုနဲ့ ဖရူဆိုမြို့နယ်တွေက တောင်သူ ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org