ကယားပြည်နယ်က တိုက်ခိုက်မှု လုံခြုံရေးကောင်စီ ရှုတ်ချ

ကယားပြည်နယ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က မီးရှို့တိုက်ခိုက်ခံရလို့ ကလေးငယ် လေးဦး၊ Save the Children အဖွဲ့ရဲ့ ဝန်ထမ်း နှစ်ဦးအပါအဝင် လူအနည်းဆုံး ၃၅ ဦး သေဆုံးခဲ့ရတဲ့ကိစ္စကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာရုံးက ဒီဇင်ဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ ကားတွေကို ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Citizen Journalist

ကယားပြည်နယ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က မီးရှို့တိုက်ခိုက်ခံရလို့ ကလေးငယ် လေးဦး၊ Save the Children အဖွဲ့ရဲ့ ဝန်ထမ်း နှစ်ဦးအပါအဝင် လူအနည်းဆုံး ၃၅ ဦး သေဆုံးခဲ့ရတဲ့ကိစ္စကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂ ဆိုင်ရာရုံးက ဒီဇင်ဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့လိုအပ်တယ်လို့လည်း လုံခြုံရေးကောင်စီက ဆိုပါတယ်။ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့က အရေးကြီးတဲ့ အကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူတွေအတွက် အကူအညီတွေကို လုံခြုံမှုရှိရှိပေးနိုင်ဖို့ လိုတယ်၊ ဒီလိုအကူအညီပေးတဲ့သူတွေနဲ့ ကျန်းမာရေးလုပ်သားတွေအတွက်လည်း လုံခြုံမှုရှိအောင် အကာအကွယ် အပြည့်ပေးရလိမ့်မယ်လို့ လုံခြုံရေးကောင်စီက တောင်းဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org