ခိုင်မျိုးထွန်းကို ချက်ခြင်းလွှတ်ပေးဖို့ တောင်းဆို

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်စစ်ဆေးတဲ့ ALP ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို လွှတ်ပေး ဖို့ စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား စတဲ့မြို့နယ်တွေက ဒေသခံ ၁၀၀၀ လောက်ဟာ တရား ရုံးရှေ့မှာ လာရောက်တောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တရားရုံးမှာ စက်တင်ဘာလ ၂ ရက်နေ့က ALP ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ လာရောက်တောင်းဆိုသူတွေကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်စစ်ဆေးတဲ့ ALP ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား စတဲ့မြို့နယ်တွေက ဒေသခံ ၁၀၀၀ လောက် ဟာ တရားရုံးရှေ့မှာ လာရောက်တောင်းဆိုကြပါတယ်။

ခိုင်မျိုးထွန်းဟာ အမှန်တရားကိုဖော်ထုတ်ခဲ့သူဖြစ်တာကြောင့် သူလွတ်မြောက်ရေးအတွက် အခုလို လာရောက်တောင်းဆိုတာလို့ ပုဏ္ဏားကျွန်းဒေသခံ ဒေါ်လှသန်းဌေးက ပြောပါတယ်။

"ကျမတို့က ကိုခိုင်မျိုးထွန်းရဲ့ statement အားလည်း ထောက်ခံတယ်။ ကိုခိုင်မျိုးထွန်းက သူတို့ကို ပြော ဆိုတဲ့နေရာမှာ အကြောင်းမဲ့ သက်သက် ဘယ်အရာမှ လက်ဆုပ်လက်ကိုင်မပြနိုင်ဘဲ ပြောတဲ့ဟာတွေ မရှိဘူး၊ သူတို့၏ စွပ်စွဲချက်တွေကို ကိုခိုင်မျိုးထွန်းက အကုန်လုံးဖိုင်တွေရော statement တွေရော သက်သေ အထောက်အထားပြနိုင်တယ်၊ ပြည်သူလူထုကလည်း အဲဒါတွေကို ယုံကြည်ပြီး မှန်ကန်တယ် လို့ ထင်ပါတယ်၊ အဲ့ဒါကြောင့် ကျွန်မ တို့က ကိုခိုင်မျိုးထွန်းကို အရင်လွှတ်ပေးပါလို့၊ တတ်နိုင်ရင် ကိုခိုင်မျိုးထွန်းကို ဒီအပတ်မှာပဲ လွှတ်ပေးစေချင်တယ်"

ဒေသခံတွေဟာ ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ စာတန်းတွေရေးထားတဲ့ တီရှပ်တွေကိုဝတ်ဆင်ပြီး တရားရုံးရှေ့ကို လာရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ALP ပါတီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစောင်ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေ တယ်ဆိုပြီး ALP ပါတီရဲ့ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီကြေညာချက်ဟာ အစိုးရတပ်အနေနဲ့ စစ်ပွဲတွေအတွင်း ဒေသခံတွေကို ပေါ်တာဆွဲတာတွေ၊ အဓမ္မနေ ရာ ရွှေ့ပြောင်းတာတွေနဲ့ စစ်မြေပြင်မှာ ဓားစာခံအဖြစ် အသုံးချနေတာတွေဟာ နိုင်ငံတကာဥပဒေတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တဲ့အတွက် အဲဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org