ခင်ဦးမြို့မှာ မိုးကြီးပြီး ကျေးရွာပေါင်း ၁၀၀ ကျော် ရေဘေးဒုက္ခဖြစ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မိုးသည်ထန်စွာ ရွာသွန်းနေတာကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာပါ ရေဝင်ရောက်မှုတွေရှိပြီး လယ်စပါးစိုက်ဧက နှစ်သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ ခင်ဦးဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနေတာကို ၂၀၂၁ စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မိုးသည်ထန်စွာ ရွာသွန်းနေတာကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာပါ ရေဝင်ရောက်မှုတွေရှိပြီး လယ်စပါးစိုက်ဧက နှစ်သောင်းကျော် ရေနစ်မြုပ် နေတယ်လို့ ခင်ဦးဒေသခံတွေက RFA ကိုပြောပါတယ်။

“လယ်တွေကို လှမ်းကြည့်လိုက်ရင် ဓာတ်တိုင်တွေပဲမြင်ရတယ် အကုန်မြုပ်နေတာ၊ ရွှေဘိုဘေးကြား စပါးတွေ စိုက်ထားကြတာ အကုန်မြုပ်ကုန်ပြီ” လို့ ခင်ဦးဒေသခံက ဆိုပါတယ်။

ရေဝင်ရောက်နေတဲ့ အထဲက သွားလာရခက်ခဲတဲ့ ရွာတွေကိုတော့ ခင်ဦးမြို့ခံတွေနဲ့ ကြက်ခြေနီအဖွဲ့ဝင်တွေက စားသောက်ရေးကိစ္စတွေ ကူညီနေတယ်လို့ ဒေသခံကပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ပင်တင်းကန်ဆည် ကျိုးကျသွားတဲ့အပြင် ကာဘူးဆည် တာဘောင် ရေကျော်လာပြီး တာဘောင်ကူးတံတားတွေပါ ရေစီးနဲ့အတူ မျောပါသွားတာတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးကြီးနိုင်တယ်လို့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းက ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org