စစ်ကောင်စီတပ် ရိုက်နှက်လို့ ခင်ဦးမြို့နယ်က ရွာသားတစ်ဦးကို သေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တဲစုရွာက ကိုမျိုးဆွေ ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ လက်နက်ကိုင်ထားတဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၆ ရက် မနေ့က မနက်အစောပိုင်းက ဖမ်းဆီးသွားပြီး တစ်နေကုန်ရိုက်နှက်လိုက်လို့ သေဆုံးသွားပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဇူလိုင် ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် Photo: CJ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တဲစုရွာက ကိုမျိုးဆွေ ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင် ထားတဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၆ ရက် မနေ့က မနက်အစောပိုင်းက ဖမ်းဆီးသွားပြီး တစ်နေကုန်ရိုက်နှက်လိုက်လို့ သေဆုံးသွားပါတယ်။

ဆိုင်ကယ်ငါးစီးနဲ့ လာရောက်ဖမ်းဆီးသွားပြီး ပျည်ထောင်ရွာမှာ တစ်နေကုန်ရိုက်နှက်ကာ ရွာထိပ်မှာတင် အလောင်းကို ပစ်ထားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူ့အိမ်မှာ အိပ်နေရင်းကနေ လာဖမ်းသွားကြတာ သူတို့ တပ်စွဲထားတဲ့ ပျည်ထောင်ရွာမှာ နှိပ်စက်ရင်း ကနေ ည ၁၀ နာရီလောက်မှာ ပစ်သတ်လိုက်ကြတယ် ရွာထိပ်မှာ အလောင်းလာပစ်သွားတယ် အခု သွားယူပြီး သင်္ဂြိုဟ်ပေးဖို့ ရွာသားတွေ စီစဉ်နေကြတယ်"

သူ့ကို တက်ကြွလှုပ်ရှားသူလို့ယူဆကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းပေးလိုက်လို့ အခုလို အဖမ်းခံ လိုက်ရတာဖြစ်ပြီး ပျည်ထောင်နဲ့ တဲစုရွာတွေက တစ်ကယ်တမ်းလှုပ်ရှားသူတွေ အကုန်လုံး ရွာတွေမှာ မနေတော့ဘဲ ရှောင်တိမ်းနေကြတယ်လို့ ပြောပါတယ်။

လက်ရှိပျည်ထောင်ရွာမှာ စစ်ကောင်စီ ငါးယောက်လောက်နဲ့ ပျူစောထီးအဖွဲ့ဝင် အယောက် ၅၀ လောက် တို့ဟာ တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ ဒေသခံ PDF နဲ့ တောကြီးမြွေဟောက်အဖွဲ့တို့က အောက်တိုဘာ ၁၅ ရက် တစ်ရက်တည်း မှာတင် ဒေသတွင်းနေရာပေါင်းစုံတို့မှာ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီနဲ့ ပျူစောထီး အယောက် ၆၀ လောက် သေဆုံးခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org