တိုက်ပွဲတွေဖြစ်နေပေမယ့် KIA က အပစ်ရပ်ရေး ဆက်ဆွေးနွေးမည်
KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေ နဲ့ မြန်မာအစိုးရတပ်တွေ ထပ်မံပြီး တိုက်ပွဲတွေဖြစ်ပွားနေပေ မယ့် အစိုးရနဲ့ အပစ်ရပ်ရေးကိစ္စတွေကို ဆက်လက်ဆွေးနွေး မယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက မနေ့က ပြော ကြားလိုက်တယ်လို့ အေပီသတင်းမှာ ပါရှိပါတယ်။
-
2013-09-13 -
-
-
KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေ ထပ်မံပြီး တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် အစိုးရနဲ့ အပစ်ရပ်ရေးကိစ္စတွေကို ဆက်လက်ဆွေးနွေး မယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက မနေ့က ပြော ကြားလိုက်တယ်လို့ အေပီသတင်းမှာ ပါရှိပါတယ်။
လာမယ့် တနင်္လာနေ့မှာ အပစ်ရပ်ရေးဆွေးနွေးပွဲ ထပ်ကျင်းပမယ်လို့ ဦးလာနန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလမှာနောက်ဆုံးကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ ငြိမ်းချမ်းရေးရရှိရေးကို ရှေးရှုတဲ့အချက် ၇ ချက်ပါ သဘောတူညီချက်ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ပေမယ့် နှစ်ဖက်တပ်တွေကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ သြဂုတ်လကစလို့ တိုက်ပွဲအရှိန်မြင့်လာပါတယ်။