ဖားကန့်က စစ်ကောင်စီ ခလရ (၄၀၂) ဝှေခါတပ်စခန်းကို KIA သိမ်းယူ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါရွာအနီးက စစ်ကောင်စီ ခြေလျင်တပ်ရင်း (၄၀၂) တပ်စခန်းကို ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (ယခင်ပုံဟောင်း) KIA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါရွာအနီးက စစ်ကောင်စီ ခြေလျင်တပ်ရင်း (၄၀၂) တပ်စခန်းကို ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဝှေခါတပ်စခန်းကို သိမ်းနိုင်ဖို့ ဇန်နဝါရီလဆန်းကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက် မနက် ၇ နာရီဝန်းကျင်မှာ သိမ်းယူလိုက်နိုင်တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့ စခန်းသိမ်းမှုနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

"ဝှေခါတပ်စခန်းကို တိုက်လိုက်တာ ၁၅ ရက်လောက်ရှိပါပြီ။ ဒီမနက်ကတော့ သိမ်းလိုက်ပြီလို့ သတင်းပေးလာတာရှိပါတယ်။ အသေးစိတ် မြေပြင်အချက်အလက်တွေ ပို့ပေးတာတော့ မရှိသေးပါဘူး။ သိမ်းလို့ရပြီဆိုတဲ့ သတင်းလောက်ပဲ အကြောင်းကြား လာတာ ရှိပါတယ်"

ဝှေခါရွာက ခလရ (၄၀၂) တပ်စခန်းဟာ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်တွေကို ထိန်းချုပ်ထားတဲ့ တပ်စခန်းဖြစ်တဲ့အတွက် KIA က သိမ်းယူဖို့ကြိုးစားခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဝှေခါရွာဟာ ဖားကန့်မြို့ရဲ့အနောက်တောင်ဘက် ၁၃ မိုင်အကွာမှာရှိပြီး စစ်ကောင်စီတပ်က အင်အား တစ်ရာဝန်းကျင် တပ်စွဲနေထိုင်လေ့ရှိတယ်လို့ သူက ပြောပါတယ်။ ဇန်နဝါရီ လဆန်းကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဝှေခါရွာက ဒေသခံ နှစ်ထောင်ဝန်းကျင် ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org