စစ်ရေးပဋိပက္ခ ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ကေအိုင်အေ ဥက္ကဋ္ဌ တိုက်တွန်း

ကေအိုင်အို ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးဖို့ ကေအိုင်အေ ဥက္ကဋ္ဌ ဦးဇောင်းဟရားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်းထံ စာရေးသား တိုက်တွန်းလိုက်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ပြည်ထောင်စုအဆင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်နေစဉ်။ Photo: courtesy of a citizen journalist

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လက်တွေ့သိရှိနိုင်အောင် လေ့လာရေးအဖွဲ့ ဒါမှမဟုတ် ကြားဝင်ဖျန်ဖြေရေးအဖွဲ့ စေလွှတ်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ကေအိုင်အိုရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လန်းဒေါင်းက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်မှာ တိုင်းရင်းသားတွေအပေါ် လူမျိုးတုံးစစ်ဆင်ရေး ဆင်နွှဲနေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ တိုးများလာနေတယ်လို့ ကေအိုင်အိုက ပြောပါတယ်။ အခြေအနေတွေ ဒီထက်ပိုပြီး ဆိုးဝါးမလာခင် ကုလသမဂ္ဂအနေနဲ့ ကြားဝင်ပြီး၊ ကချင်ပြည်နယ်က စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို လာရောက်လေ့လာဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ပြေးဒုက္ခသည် စခန်းတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ IDP ဒုက္ခသည်တွေကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက အကူအညီပေးအပ်နေမှုတွေအပေါ် ကျေးဇူးတင်ရှိကြောင်းကိုလည်း မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ လက်မှတ်ရေးထိုး ပေးပို့လိုက်တဲ့ ကေအိုင်အို ဥက္ကဋ္ဌရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ဒီအကြောင်း ကေအိုင်အိုရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လန်းဒေါင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org