ရွှေလီမြို့မှာ ကျင်းပတဲ့ အစိုးရ နဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြုလုပ် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နဲ့ KIO အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်နိုင်ရေး၊ နှစ်ဖက်အခြေအနေကို လေ့လာစောင့်ကြည့်အဖွဲ့တွေထားရှိရေး၊ ဆွေးနွေးပွဲများ ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်ကြပါတယ်။
-
2013-02-04 -
-
-
ဖေဖော်ဝါရီလ မကုန်ခင် နောက်ထပ် ဆွေးနွေးပွဲဖြစ်မြောက်အောင် KIO အဖွဲ့က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ညှိနှိုင်းဖို့ရှိတယ်လို့ ဖေါ်ပြထားပါတယ်။
အရင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တစ်ဖွဲ့ခြင်းမဟုတ်ပဲ UNFC အဖွဲ့နဲ့သာ ဆွေးနွေးရင် သင့်တော်မယ်လို့ ကေအိုင်အိုဖက်က ပြောထားခဲ့ပါတယ်။
ရွှေလီမြို့၊ ချင်ချန်းဟိုတယ်မှာပြုလုပ်တဲ့ ဒီကနေ့ ဆွေးနွေးပွဲကို မနက် ၉ နာရီက စတင်တာဖြစ်ပြီး ညနေ ၄ နာရီခွဲမှာ ပြီးဆုံးပါတယ်။
ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှရေးရာ သံအရာရှိတစ်ဦး အပါအဝင် KNU အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း အပြင် RCSS/SSA ရှမ်းအဖွဲ့ဝင်များ သက်သေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ ခေါင်းဆောြင်ပီး KIOအဖွဲ့က ဦးဆလွတ်ဂမ်နဲ့ ဗိုလ်ချုပ်ဂွမ်မော် တို့ ဦးဆောင်ကြတာဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အသံဖိုင်နားဆင်ရန် |
|
အသံဖိုင်ရယူရန် |