KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်တွေ ရွှေလီမြို့ ကိုရောက်ရှိ

အစိုးရနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ တို့ မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် နှစ်ဖက်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ရွှေလီမြို့ ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။

အစိုးရနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နှစ်ဖက်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ရွှေလီမြို့ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။

အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ လိုက်ပါလာကြပြီး KIO ဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အရာရှိတွေ တက်ရောက်မှာ ဖြစ်သလို တရုတ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့လည်း လေ့လာသူတွေအဖြစ် တက်ရောက်မှာဖြစ်ကြောင်း၊  ဆွေးနွေးပွဲမှာ စစ်အရှိန်လျှော့ချရေးနဲ့ တပ်တွေနေရာချထားရေးကို အဓိကထား ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

"မြန်မာအစိုးရဘက်ကတော့ ဦးအောင်မင်းတို့ပေါ့၊ ကချင်ဘက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဌ ဖြစ်တဲ့ ဦးဆွမ်လွတ်ဂမ်နဲ့ ၁၀ ယောက်အဖွဲ့နဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်လည်း တက်ရောက်မှာဖြစ်တယ်ခင်ဗျ၊ တပ်ပိုင်းဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ အဓိကထား ဆွေးနွေးမယ်လို့ထင်တယ်၊ UNFC လည်းပါမယ်၊ SSA ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကလည်းပါမယ်"

အစိုးရဘက်က ဝန်ကြီဦးအောင်မင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တို့ ပါဝင်မှာဖြစ်ပြီး တရုတ်အစိုးရက ကြားနေသက်သေအဖြစ် ကူညီမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org