တိုင်းရင်းသား အားလုံးအရေးကို ပါ ဆွေးနွေးသွားမယ်လို့ KIO ပြောကြား

ကချင်လွတ်မြောက်ရေးအဖွဲ့ကြီး KIO အနေနဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ဆွေးနွေးပွဲတိုင်းမှာ ကချင်တိုင်းရင်းသားတွေအရေး တစ်ခုတည်း မဟုတ် ဘဲ ပြည်ထောင်စုတွင်းက တိုင်းရင်းသားအားလုံးအရေးကို အထူးအလေးထား ဆွေးနွေးသွားမှာဖြစ်ကြောင်း KIO က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မေလ ၂၈ ရက်နေ့မှာကျင်းပတဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ် photo: RFA/ Kyaw Myo Min

ကချင်လွတ်မြောက်ရေးအဖွဲ့ကြီး KIO အနေနဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပြီး၊ ဆွေးနွေးပွဲတိုင်းမှာ ကချင်တိုင်းရင်းသားတွေ အရေး တစ်ခုတည်း မဟုတ်ဘဲ ပြည်ထောင်စုတွင်းက တိုင်းရင်းသားအားလုံးအရေးကို အထူးအလေး ထား ဆွေးနွေးသွားမှာဖြစ်ကြောင်း KIO က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ မြစ်ကြီးနားမြို့ က ဆွေးနွေးပွဲက သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး KIO က မနေ့ကနေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ရာမှာ အခုလို ပြောကြားလိုက်တာဖြစ် ပါတယ်။

ဒီကြေညာချက်မှာ KIO အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့်  ပြည်တွင်းစစ်တွေပြေငြိမ်းပြီး  စစ်မှန်တဲ့ ပြည်ထောင်စုအတွင်း တိုင်းရင်းသားအားလုံးနဲ့ အတူနေထိုင်သွားဖို့ လိုလားကြောင်း၊ နှစ်ဘက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် နှစ်ဘက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ကြီးကြပ်ရေးအဖွဲ့ဖွဲ့ပြီး စောင့်ကြည့်လေ့လာခြင်း၊ တိုက်ပွဲများလျှော့ချခြင်း၊ နှစ်ဘက်တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်းတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

KIO နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ဟာ မေလ ၂၈ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org