အစိုးရတပ် ထိုးစစ်ဆင်နေတာဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေ တာဖြစ်ကြောင်း KIO ပြော
ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာကို မလိုလားကြောင်း ပြသနေတာဖြစ်ပြီး ငြိမ်းချမ်းရေးကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က မနေ့က သဘောထားကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
-
2016-10-09 -
-
-
ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာဟာ နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းတာကို မလိုလားကြောင်း ပြသနေ တာဖြစ်ပြီး ငြိမ်းချမ်းရေးကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မူတွေမရပ်တန့်ဘူးဆိုရင် ပြည်တွင်းစစ်မီး ပိုမိုကျယ်ပြန့်စေနိုင်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို တပ်မတော်က တာဝန်ခံရမှာဖြစ်တယ်လို့ ကေအိုင်အို ပြန်ကြားတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"အခုထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို တပ်မတော်ဘက်က မရပ်တန့်ဘူးဆိုရင်တော့ ဒီထက်ပိုပြီး ပြည် တွင်းစစ်ပွဲတွေ ကြီးထွားလာနိုင်တဲ့ အနေအထားရှိပါတယ်။ အဲဒီလိုမျိုးအနေအထား မှာဖြစ်လာမယ့် နောက် ဆက်တွဲ ပြဿနာတွေအားလုံးက တပ်မတော်ဘက်ကနေတာဝန်ယူရမယ် တာဝန်ခံရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ မရပ်တန့်ဘူးဆိုရင်တော့ ပြည်တွင်းစစ်က ပိုကြီးလာ နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ် ပါတယ်"
တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်မှာရှိတဲ့ အရေးပါတဲ့ KIA တပ်စခန်းတွေ အားလုံးနဲ့ KIA ဌာနချုပ် လိုင်ဇာနဲ့ မိုင်ဂျာယန်ဒေသတွေကိုလည်း တပ်မတော်က လူအင်အား လက်နက်အင်အားဖြည့်တင်းနေပြီး ထိုးစစ်ဆင် ဖို့ ပြင်ဆင်နေတယ်လို့ ဒုတိယဗိုလ်မှူးကြီး နော်ဘူ ကပြောပါတယ်။
ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးက အင်ခရမ် တောင်ကုန်းစခန်းနဲ့ ဂီဒွန် စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ လ ၄ ရက်နေ့က တပ်မတော်ဘက်က လေယာဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆက်မပြတ် ထိုးစစ်ဆင်နေ တာကြောင့် KIA တပ်စခန်းအားလုံးကို အပြီးသတ်ချေမှုန်းဖို့ ရည်ရွယ်ချက်ရှိ တာ တွေ့ရတယ်လို့လည်း ပြော ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက ကျင်းပခဲ့တဲ့ ၂၁ရာစု ပင်လုံညီလာခံမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေတင်ပြ ခဲ့တဲ့ စာတမ်းတွေထဲမှာ နိုင်ငံရေးနည်း နဲ့တွေ့ဆုံဆွေးနွေးရေးဆိုတာမပါဘဲ လက်နက်ချခိုင်းတဲ့သဘောမျိုးကို သာ ပြောနေတဲ့အတွက် တိုင်းရင်းသားအဖွဲ့တွေက လက်မခံနိုင်ဘူး လို့ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ပြော ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရဘက် သဘောထားကို သေချာမသိရသေး ကြောင်းနဲ့ ငြိမ်းချမ်းရေးရဖို့တွက် နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့ကို ကေအိုင်အိုအဖွဲ့က ယုံကြည်ထားကြောင်း ဆိုပါတယ်။