ဆဒုံးမြို့နယ်က စစ်သားနဲ့ရဲတွေ ဇွန်လကုန် နုတ်ထွက်ကြဖို့ KIO သတိပေးထုတ်ပြန်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲအတွင်းက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လာမယ့် ဇွန်လကုန် နောက်ဆုံးထား နုတ်ထွက်ကြဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIO ရဲ့ ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက မေလ ၂၀ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တွေ့ရစဉ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲအတွင်းက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လာမယ့် ဇွန်လကုန် နောက်ဆုံးထား နုတ်ထွက်ကြဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIO ရဲ့ ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက မေလ ၂၀ ရက် မနေ့က ထုတ်ပြန်ပါတယ်။

မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲက စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ဇွန်လ ၃၀ ရက်မတိုင်ခင် နုတ်ထွက်ကြဖို့နဲ့ မလိုက်နာဘူးဆိုရင် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ KIO/KIA ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက သတိပေးထားပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ကမ်းလှမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ထဲက နယ်မြေအတော်များများမှာ အခုလအတွင်း ဒီလို သတိပေးမှုတွေ တွေ့လာရပါတယ်။

ဒီလို လုပ်ဆောင်ဖို့ KIO ဗဟိုက ညွန်ကြားထားတာ မဟုတ်ပေမဲ့ နယ်မြေအသီးသီးက လိုအပ်တဲ့အတွက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ KIO/KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို မေ ၁၄ ရက်က ပြောခဲ့ပါတယ်။

ဒီမတိုင်ခင်ကလည်း KIO/KIA ရဲ့ လက်‌အောက်က အုပ်ချုပ်ရေးအဖွဲ့တွေဟာ မြစ်ကြီးနား၊ ဟူးကောင်း၊ ရှင်ဗွေယန်နဲ့ တနိုင်း စတဲ့ ဒေသတွေက စစ်ကောင်စီရဲ့ ဝန်ထမ်းတွေကို ထွက်ခွာကြဖို့နဲ့ မထွက်ခွာရင် အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ မေလ ၁၄ ရက်နေ့က သတိပေးထားပါတယ်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ ကချင်ပြည်နယ်အတွင်း ဒေသအသီးသီးကနေ အမြန်ဆုံးထွက်ခွာဖို့ KIO က အသိပေးပြီးနောက် ဝန်ထမ်းတွေ အခုကာလမှာ ရုံး/ မိမိနေအိမ်တွေမှာ လုံခြုံရေးအထူးဂရုပြုဖို့၊ မလိုအပ်ဘဲ တခြားနေရာဒေသတွေဆီ သွားလာတာ မလုပ်စေဘဲ သွားလာမှု စည်းကမ်းလိုက်နာဖို့၊ ထူးခြားမှုရှိရင် အချိန်နဲ့ တစ်ပြေးညီ တင်ပြဖို့ဆိုပြီး စစ်ကောင်စီရဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက မေလ ၁၆ ရက်နေ့က ထုတ်ပြန်အသိပေးထားပါတယ်။

တအာင်းဒေသတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ အာဏာဖီဆန်ရေး CDM လုပ်ကြဖို့၊ CDM ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်တာတွေ မလုပ်ဖို့နဲ့ စစ်ကျွန် ပညာရေးကို ကျောင်းသား၊ ကျောင်းသူတွေက သပိတ်မှောက်ကြဖို့ဆိုပြီး တ‌အာင်း (ပလောင်) ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မေ ၂၀ ရက် မနေ့က ထုတ်ပြန် ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဘားအံ၊ ဖာပွန်နဲ့ ကော့ကရိတ် နေရာတွေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ရပ်တန့်ရေး သတိပေး ထုတ်ပြန်ချက်နဲ့ လုပ်ဆောင်နေသလို ကျန်ဒေသတွေမှာလည်း အောက်ခြေအဆင့် တပ်တွေရဲ့ လုပ်ဆောင်မှုအပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ KNU နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org