မြန်မာတပ်တွေ အသုံးမပြုနိုင်ဖို့ KIA တံတားတွေ ဖျက်ဆီး

မြန်မာ အစိုးရတပ်တွေ အတွက် အရေးပါတယ်လို့ ယူဆရတဲ့ ဗန်းမော်နဲ့ မိုးမောက်မြို့ကြားက နမ်ဖတ်ခချောင်း တံတားကို KIA ကချင်ပြည် လွတ်မြောက်ရေး တပ်တွေက ဗုံးခွဲ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။ Kachin News Group

မနေ့က ထုတ်ပြန်တဲ့ လွတ်လပ်တဲ့ ကချင် သတင်းဌာန အဆိုအရ နောက်ထပ် တံတားတစင်းကို အလားတူ ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာ စစ်တပ်ဖက်က အဲဒီ တံတားတွေကို အသုံးပြုပြီး KIA ထိန်းချုပ် ဒေသတွင်းကို တပ်အင်အားတွေ တိုးချလာနေတာကြောင့် သူတို့ဖက်က အဲဒီတံတား ကို ဇွန်လ ၁၃ ရက်နေ့က ဖျက်ဆီးလိုက်ရတာ ဖြစ်ကြောင်း KIO ကချင်လွတ်မြောက်ရေး အဖွဲ့ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က RFA ကို ပြောပါတယ်။

အခု အဖြိုချခံလိုက်ရတဲ့ နမ်ဖတ်ခချောင်း တံတားဟာ ရေအား လျှပ်စစ်အတွက် လည်ပတ်နေတဲ့ တာပိန် ရေကာတာ အမှတ် (၁) နဲ့ (၂) နှစ်ခုကြား ဆက်သွယ်နေတဲ့ တံတားလည်း ဖြစ်ပါတယ်။

ပြဿနာတွေကို KIO/KIA ဖက်က ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းချင်ပေမယ့် မြန်မာ အစိုးရဖက်က စစ်ရေးနည်း သုံးပြီး ဖြေရှင်းလာတာကြောင့် နောက်ဆုံးမှာ KIA ဖက်ကလည်း စစ်ရေးနည်းတွေ ပြန်သုံးရတာပဲ ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က ပြောပါတယ်။

KIA စစ်ရေး လှုပ်ရှားမှု အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်ကို RFA မှ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org