စစ်ကောင်စီနဲ့မပူးပေါင်းဖို့ ဒေသခံတွေ ဝန်ထမ်းတွေကို KNLA သတိပေး

KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံတဲ့အတွက် ဘယ်သူမဆို စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်ပတ်သက်မှု မပြုဖို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလ ၇ ရက်နေ့က ကရင်ပြည်နယ် ဒူးပလာခရိုင်အတွင်း ဂိတ်တစ်ခုတွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ AFP

ကရင်ပြည်နယ် ဖာပွန်၊ ကမမောင်းမြို့နယ်က ဒေသခံပြည်သူတွေ၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ ဝန်ထမ်းတွေ အားလုံးနုတ်ထွက်ပြီး ဇန်နဝါရီ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း နောက်ဆုံးထားထွက်ခွာဖို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က ဇန်နဝါရီ ၁ ရက်နေ့ က ကြေညာချက်ထုတ်ပြန်ပါတယ်။

KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံတဲ့အတွက် ဘယ်သူမဆို စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်ပတ်သက်မှု မပြုဖို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

မလိုက်နာဘူးဆိုရင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်တဲ့ သူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ကရင်ပြည်နယ် ဖာပွန်၊ ကမမောင်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေရဲ့အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org