နယ်လုံကန့်ကွက်ပေမယ့် KNU စစ်ရေးပြအခမ်းအနား ကျင်းပမယ်လို့ တပ်မဟာ ၅ ပြော

ကရင်အာဇာနည်နေ့အခမ်းအနားမှာ စစ်ရေးပြအခမ်းအနား ထည့်သွင်းကျင်းပမယ့်အပေါ် ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ထားပေမယ့် အစီအစဉ်အတိုင်း ကျင်းပသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ပြောပါတယ်။

KNU တပ်သားအချို့ကို တွေ့ရစဉ်

ကရင်အာဇာနည်နေ့အခမ်းအနားမှာ စစ်ရေးပြအခမ်းအနား ထည့်သွင်းကျင်းပမယ့်အပေါ် ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ထားပေမယ့် အစီအစဉ်အတိုင်း ကျင်းပသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး က ဒီနေ့ ပြောပါတယ်။

သတ်မှတ်ထားတဲ့နေရာမှာပဲ စစ်ရေးပြအခမ်းအနားနဲ့ ကျင်းပသွားမယ်လို့ KNU တပ်မဟာ ၅ အတွင်းရေးမှူး စောရောဘင်က ပြောပါတယ်။

"ကျနော်တို့ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေတဲ့ ကရင်အာဇာနည်နေ့ကတော့ ကျနော်တို့ သတ်မှတ်တဲ့နေရာမှာပဲ ပြုလုပ်သွားမှာပဲနော်။ နှစ်စဉ်နှစ်တိုင်း ကျနော်တို့ စစ်ရေးပြအခမ်းအနားလုပ်တယ်။ အစိုးရမှာလည်း အာဇာနည်နေ့အခမ်းအနားတွေကို စစ်ရေးပြအခမ်းအနားတွေနဲ့ လုပ်နေတာပဲ။ ကျနော်တို့လည်း နှစ်တိုင်းပုံမှန်လုပ်နေတာ အခုခါမှ ကန့်သတ်ချုပ်ချယ်တာဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့အရာ ပေါ့နော်"

လာမယ့် သြဂုတ်လ ၁၂ ရက်နေ့ဟာ ၆၈ ကြိမ်မြောက် အာဇာနည်နေ့ဖြစ်ပြီး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ဖာပွန်ခရိုင် ဖာလုံကြီးကျေးရွာမှာ စစ်ရေးပြအခမ်းအနားနဲ့ ကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည်ရေး ကော်မတီကို စာပို့ကန့်ကွက်ထားသလို KNU တပ်မဟာ ၅ တပ်မမှူး ဗိုလ်မှူးချုပ် စောမူးဟဲ ကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ကန့်ကွက်စာ ပေးပို့ထားပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ကန့်ကွက်စာမှာ KNU ဗဟိုဌာနချုပ်က လွဲပြီး ကျန်တဲ့နေရာတွေမှာ စစ်ရေးပြအခမ်းအနားတွေ ကျင်းပခွင့်မရှိဘူးဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကရင်အာဇာနည်နေ့မှာ စစ်ရေးပြအခမ်းအနား ထည့်သွင်းကျင်းပဖို့ သဘောတူညီမှု မရသေးပေမယ့် စစ်ရေးပြမယ့်ကျေးရွာအနီးမှာ လှုပ်ရှားနေတဲ့ အစိုးရတပ်တွေ ပြန်ဆုတ်တာတွေရှိတယ်လို့ စောရောဘင်က ပြောပါတယ်။

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာစောင့်ကြည်ရေးကော်မတီဟာ ရေကြီးတာနဲ့ အခြား ကိစ္စတွေ ကြောင့် အစည်းအဝေးကို မကျင်းပနိုင်တာ ၂ လ လောက်ရှိနေပြီး ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မပြောနိုင်သေးဘူးလို့ အဖွဲ့ဝင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org