ကော့ကရိတ်မှာ တိုက်ပွဲဖြစ်လို့ ရွာသုံးရွာက ဒေသခံတွေ ထွက်ပြေးနေရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့နွဲရွာမှာ ဒီဇင်ဘာ ၂၁ ရက် မနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာသုံးရွာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဒူးပလာယာခရိုင်က KNU ကရင်စစ်သားတွေကို ၂၀၂၁ ဧပြီ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: KNU Dooplaya District

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့နွဲရွာမှာ ဒီဇင်ဘာ ၂၁ ရက် မနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာသုံးရွာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ် နဲ့ KNLA တပ်ရင်း (၁၈) နဲ့ (၂၇) တို့ ကော့နွဲရွာအနီးမှာ ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကနေ ညနေ ၂ နာရီမှာတော့ ရွှေကြက်မင်းဘုရားကုန်းကနေ စစ်ကောင်စီတပ်ဟာ လက်နက် ကြီးအချက် ၃၀ လောက် ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကော့နွဲရွာတိုက်ပွဲဖြစ်နေချိန် မြဝတီ-ကော့ကရိတ် အာရှလမ်း ကော့ကရိတ်ဘက်ခြမ်းမှာ ကားအသွား အလာတွေ ခေတ္တပိတ်ထားခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့နွဲရွာ အနီးကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာပြီး အနီးနားရွာတွေဖြစ်တဲ့ ရွာသစ်ကုန်း၊ အံကလောင်တို့က ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၅ ရက်ကစလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကောင်စီ တပ်တွေနဲ့ KNLA / KNDO တပ်တို့ တိုက်ပွဲဖြစ်ပွားတွေဖြစ်နေပြီး စစ်ရေးတင်းမာနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org