KNU နဲ့ မွန်ပြည်နယ်အစိုးရ တွေ့ဆုံ
မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ဟာ ဒီကနေ့ မော်လမြိုင်မြို့ က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာဆုံခဲ့ပြီး ဒေသဖွဲ့ဖြိုးရေးတွေလုပ်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
-
2017-08-18 -
-
-
မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ဟာ ဒီကနေ့ မော်လမြိုင်မြို့က ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ ဆုံခဲ့ပြီး ဒေသဖွဲ့ဖြိုးရေးတွေလုပ်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်အစိုးရနဲ့ KNU အဖွဲ့တ့ို အစိုးရသစ်လက်ထက်မှာ ပထမဆုံး အဖြစ် တွေဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးတွေလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး ကပြောပါတယ်။
ဒီတွေဆုံပွဲမှာ မွန်ပြည်နယ်အစိုးရဘက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေ တက်ရောက်ခဲ့သလို KNU ဘက်က တပ်မဟာ မှူး စောကျော်လင်း၊ ဒုတိယတပ်မဟာမှူး စောပလေ့၊ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောမြင့်စိုး တို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
မွန်ပြည်နယ်မှာရှိတဲ့ ကျိုက်ထို၊ ဘီလင်းနဲ့ သထုံမြိုနယ်တွေက KNU တပ်မဟာ ၁နယ်မြေတွေမှာ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေကို အစိုးရဘက်ကလုပ်ဆောင်ပေးဖို့ ဆွေးနွေးခဲ့သလို ဝန်ကြီးချုပ်ကလည်း လုပ်ဆောင်ပေးမယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ KNU၊ DKBA ၊KNU/KNLA(PC)နဲ့ မွန်ပြည်သစ်ပါတီ စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရှိပါတယ်။