ကရင်အမျိုးသား စည်းလုံး ညီညွတ်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးကို အဓိကထားပြီး ကရင်အမျိုးသား အစည်း အရုံးရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ဖက်ဒရယ်ပြည်ထောင် စု ပေါ်ထွန်းရေးဆောင်ရွက်သွားမယ်လို့ ၁၀ကြိမ်မြောက် ကျင်းပတဲ့ ကရင်အမျိုးသား စည်း လုံးရေး နှီးနှောဖလှယ်ပွဲမှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။

ကရင်ပြည်နယ်၊ လော်ခီးလာမှာ မေလ ၂၈ မှာ စကျင်းပခဲ့တဲ့ ၁ဝ ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးရေး နှီးနှော ဖလှယ်ပွဲကို တွေ့ရစဉ် Photo: Susanna Soe Facebook

ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးကို အဓိက ထားပြီး KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ နိုင်ငံရေး ဦးဆောင်မူနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ် ထွန်းရေးဆောင်ရွက် သွားမယ်လို့ ၁၀ကြိမ်မြောက် ကျင်းပတဲ့ ကရင်အမျိုးသား စည်းလုံးရေး နှီးနှော ဖလှယ်ပွဲမှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။

အဲ့ဒီ နှီးနှောဖလှယ်ပွဲမှာ ဆွေးနွေးခဲ့တာတွေ နဲ့ ပတ် သက်ပြီး ကျင်းပရေးကော်မတီဝင် ဦးစောလွင်ဦးက ခုလိုပြောပါတယ်။

"အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အရေး၊ ဖက်ဒရယ်အရေးဆိုတဲ့ ဒီအရေးကြီးတွေ မပြည့်စုံမခြင်း ကျနော်တို့ အမျိုးသားလုံးတစ်ရပ် အနေနဲ့ ကျနော်တို့ တဝိုင်းတဝန်းပေါ့ဗျာ ကြိုး ပမ်းဆောင်ရွက်မယ် စသည်အားဖြင့် အဲ့ဒါတွေပြောသလို လောလောဆယ် အပစ် အခတ်ရပ်စဲရေးကာလ မှာဖြစ်နေတဲ့ အကြီးစား စီးပွားရေး စီမံကိန်းတွေကြောင့်ဖြစ်နေတဲ့ ကရင်လူထုတွေ ခံစားနေရတဲ့မြေယာကိစ္စတွေ လူ့အခွင့် အရေးချိုးဖောက်မှှုတွေ အဲ့ဒီပြဿနာအရပ်ရပ်ကိုလည်း ကျနော်တို့ဆွေးနွေးသွားတာပေါ့"

ဆွေးနွေးပွဲကို ကိုယ်စလှယ်၂၅၀ခန့် တက်ရောက်ခဲ့ပြီး အချက် ၆ ချက်ပါ သဘောထား ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်မှာ ကရင်အမျိုးသား စည်းလုံညီညွတ်ရေးကို အဓိကထားရန်၊ နိုင်ငံရေးအရ KNU ရဲ့ ဦးဆောင်မှုကိုခံယူရန်၊ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းတွေကို ပွင့်လင်းမြင်သာစွာ ပြည်သူကိုအသိပေးရန်၊ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ကာလအတွင်းဖွံဖြိုးရေးလုပ်ငန်းတွေကြောင့် ရိုက်ခတ်လာတဲ့ ဆိုးကျိုးများကို ရှောင် နိုင်ရန် ဝိုင်းဝန်းဖြေရှင်းရန်၊၂၀၀၈ဖွဲ့စည်း အုပ်ချုပ်ပုံပြင်ဆင်ရေးမှာ ဝိုင်းဝန်းဆောင်ရွက်ရန်အပြင် ကရင်ညီလာခံကြီးတရပ် ဖြစ်မြောက်ရေးဆောင်ရွက်ရန်စသဖြင့် ဖေါ်ပြထားပါတယ်။

ဆွေးနွေးပွဲကိုမေလ၂၈ ရက်နေ့ကနေ၃၁ ရက်နေ့အထိ ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပခဲ့တာဖြစ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့တွေ ကရင်နိုင်ငံရေးပါတီတွေ၊ ကရင်လူထုအခြေပြု ပြည်တွင်း ပြည်ပအဖွဲ့တွေ စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။

ကျင်းပရေးကော်မတီပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးစောလွင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org