ကိုးကန့်ဒေသတိုက်ပွဲ အစိုးရ တပ်မတော်ဘက်က ၁၆ ဦး ထပ်မံကျဆုံး
ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း မဟာဗျူဟာကျတဲ့ တောင်ကုန်းတွေ ကို အစိုးရ တပ်တွေက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲတွေ အတွင်း အစိုးရတပ်ဘက်က ၁၆ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၁၁၀ ဦးရှိကြောင်း တပ်မတော် ပိုင် မြဝတီသတင်းဌာန က ထုတ်ပြန်ပါတယ်။
-
2015-04-16 -
-
-
Your browser doesn’t support HTML5 audio
ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မဟာဗျူဟာကျတဲ့ တောင်ကုန်းတွေကို အစိုးရတပ်တွေ က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲတွေအတွင်း အစိုးရ တပ်ဘက်က ၁၆ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၁၀ ဦးရှိကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးမြတ်ထွန်းလင်း ကတော့ ကိုးကန့်တပ်တွေဘက်က စခန်းတချို့ကို ကြိုတင်ဆုတ်ခွာထားတာသာဖြစ်ကြောင်း ပြောပါတယ်။ ကိုးကန့်လူမျိုးဒေသခံတစ်ဦးဖြစ်သူ ဦးတွမ်ကျားသတ် ကလည်း ကိုးကန့်ဒေသအရှေ့ဘက်မှာရှိ တဲ့ တောင်ကုန်းတွေမှာ တပ်စွဲထားတဲ့ ကိုးကန့်တပ်တွေ မနေ့က ဆုတ်ခွာသွားကြောင်း ပြောပါတယ်။
မနေ့ကညအထိဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း အစိုးရဘက်က လေကြောင်းအပြင် သံချပ်ကာကားတွေ အသုံးပြုပြီး ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း တိုက်ပွဲတွေဖြစ်ပွားတဲ့ တောင်ကုန်းတွေအနီး တရုတ်-မြန်မာ နယ်စပ် ၁၂၅မိုင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ဒီကနေ့ကစလို့ ၃ရက်အတွင်း နေရပ်ပြန်ကြဖို့ အစိုးရစစ်တပ်က စာထုတ်ထားတယ်လို့ ဆိုပါတယ်။ အခုလို စာထုတ်ပြန်တာဟာ ဒေသခံလူငယ်အများအပြား ကိုးကန့်တပ်ထဲကို ဝင်ရောက်သွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ဒေသခံ ၄၀ကျော်လောက်ရှိပြီး၊ တရုတ်နိုင်ငံ နမ်ခမ်မြို့က ဆေးရုံမှာ ရောက် ရှိနေတယ်လို့ သိရပါတယ်။ ဒေသခံတွေအဆိုအရ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ အခုနှစ်ဖေဖော် ဝါရီလ ၉ရက်နေ့ကစလို့ သေဆုံးသူ ဒေသခံအရေအတွက်ဟာ ဒဏ်ရာရရှိသူ အရေအတွက်ထက် ပိုများတယ်လို့ ဆိုပါတယ်။
ဒေသခံကိုးကန့်လူမျိုးတစ်ဦးဖြစ်သူ ဦးတွမ်ကျားသတ်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။