ကိုးကန့်မှာ တိုက်ပွဲပြန်စ

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့် အဖွဲ့က စစ်ရပ်စဲကြောင်း ကြေညာခဲ့ ပြီးနောက်၊ မနေ့က လောက် ကိုင် ဒေသမြောက်ပိုင်း တရုတ်မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တရုတ်မြန်မာနယ်စပ်မှာ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: AFP

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့က စစ်ရပ်စဲကြောင်း ကြေညာ ခဲ့ပြီးနောက်၊ မနေ့က လောက်ကိုင် ဒေသမြောက်ပိုင်း တရုတ်မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

ကိုးကန့်အဖွဲ့က စစ်ရပ်စဲကြောင်း ဇွန်လ ၁၀ ရက်နေ့မှာ တဖက်သတ် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ အစိုးရတပ်က တိုက်ခိုက်လာရင်တော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မယ် လို့ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရစစ်တပ် ကလည်း သံသယနဲ့ စောင့်ကြည့်မယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ဇွန်လ ၁၃ ရက် မနေ့ကတော့ လောက်ကိုင်ဒေသမှာ တိုက်ပွဲပြန်ဖြစ်လာခဲ့တယ်လို့ ကိုးကန့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိ သူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"၁၁၁ ပတ်ဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်တယ်၊ လောက်ကိုင်ရဲ့မြောက်ဘက်မှာ နေ့ပိုင်းလောက်ကနေ ကြာပါတယ်၊ ညနေမှောင်ခါနီးထိ တဖက်သတ် ကြေညာပြီး တောက်လျှောက်တိုက်တာ၊ သူတို့အင်အား ထပ်ဖြည့်ထားတယ်၊ ရိက္ခာတွေ၊ လက်နက်တွေရော လားရှိုးကနေ သယ်လာတယ်"

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့နဲ့ အစိုးရတပ်တွေ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ လော်ခီးလာညီလာခံမှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုးတဲ့အခါ ကိုးကန့်အဖွဲ့ အပါအဝင် အစိုးရနဲ့ တိုက်ပွဲတွေဖြစ် ပွားနေတဲ့ တိုင်းရင်းသားအဖွဲ့အားလုံး တစ်ပါတည်း လက်မှတ်ထိုးနိုင်ရေး ဆုံးဖြတ် သဘောတူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org