ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်း

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှာ ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ကစ လို့ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ သမ္မတဦးသိန်းစိန် က နိုဝင်ဘာ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက် ပါတယ်။

လောက်ကိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က ကင်းလှည့်နေတဲ့ မြန်မာစစ်သားတချို့ကို တွေ့ရစဉ် Photo: AFP

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ကစလို့ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ သမ္မတဦးသိန်းစိန်က နိုဝင်ဘာ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး စစ်အုပ်ချုပ်ရေး ကြေညာ ခဲ့တာဖြစ်ပြီး၊ အခု ၉ လအကြာမှာ မူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်နေပြီဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ ပုဒ်မခွဲ (ခ) အရ ပြန်ရုပ်သိမ်းလိုက်တာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org