သောကြာနေ့ ကုလလုံခြုံရေးကောင်စီ ကြားနာပွဲမှာ ကိုဖီအာနန် တင်ပြမည်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ ပတ်သက်ပြီး မနက်ဖြန် အောက်တိုဘာ ၁၃ ရက် သောကြာနေ့ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ ကြားနာပွဲတရပ် ကျင်းပမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကို သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ ပတ်သက်ပြီး မနက်ဖြန် အောက်တိုဘာ ၁၃ ရက် သောကြာနေ့ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ ကြားနာပွဲတရပ် ကျင်းပမှာဖြစ်ပါတယ်။

အဲဒီကြားနာပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် က မွတ်စလင် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အလွတ်သဘော တင်ပြမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အရ မစ္စတာကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်အရေး အကြံပေး ကော်မရှင်မှာ ဥက္ကဌအဖြစ် ကြီးမှူးဆောင်ရွက်ပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည် ထံ ပေးအပ်ခဲ့ပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်တို့ကလည်း ကိုဖီအာနန်နဲ့ တွေ့ဆုံခွင့် တောင်းခံထားပါတယ်။

သောကြာနေ့ တံခါးပိတ်အစည်းအဝေးမှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံး တက်ရောက်ဖို့ ဖိတ်ကြားထားပြီး၊ ဒေသတွင်းက နိုင်ငံတချို့နဲ့ အဖွဲ့အစည်းတချို့ကိုလည်း ဖိတ်ကြားထားပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာ ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ Jeffrey Feltman ကလည်း မြန်မာနိုင်ငံကို သောကြာနေ့မှာ သွားရောက်မှာဖြစ်ပါတယ်။

လေးရက်ကြာခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရဲ့ လတ်တလောပြဿနာတွေ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အရာရှိတဦးကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org