ထိုင်း၊ ဗြိတိန် အာဏာပိုင်များနဲ့ အမှုမှန်ပေါ်ရေး ဆွေးနွေးမည်

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကိစ္စကို မကြာခင်ရက်ပိုင်းအတွင်း မြန်မာ အစိုးရ တာဝန်ရှိသူတွေဟာ ထိုင်းနဲ့ ဗြိတိန်နိုင်ငံက တာဝန် ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောကြားပါတယ်။

ထိုင်းခိုတောင်းကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာ နှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံစဉ် Photo: Min Oo

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ ထားရသူ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကိစ္စကို မကြာခင်ရက်ပိုင်းအတွင်း မြန်မာအစိုးရ တာဝန်ရှိ သူတွေဟာ ထိုင်းနဲ့ ဗြိတိန်နိုင်ငံက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောကြားပါတယ်။

အဲဒီ့လို တွေ့ဆုံရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက အသတ်ခံရသူ ၂ ဦး အပေါ် ပြစ်မှုကျူးလွန်တယ်လို့ သံသယဖြစ်ခံရ သူ မြန်မာနိုင်ငံသားတွေ၊ အိမ်ရှင်ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ အခုလိုတွေ့ဆုံတာဟာ တရားမျှတပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်တွေ ဖြစ်ပေါ်စေမယ်လို့ အပြည့်အဝယုံကြည်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက် ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေး၊ ပြစ်မှုကျူးလွန်ခြင်း မရှိသူတွေကို မှားယွင်းအရေးယူမှု မရှိစေရေးအတွက် တရားမျှတမှုရှိရှိ၊ မှန်မှန်ကန်ကန် တိတိကျကျ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်မယ်လို့ မျှော်လင့်ထား တယ်လို့ သိရပါတယ်။

အခုတွေ့ဆုံမယ့် အစီအစဉ်ဟာလည်း ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို တစ်စုံတစ်ရာ ထိခိုက်စေခြင်းမရှိဘဲ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေအကြား နားလည်မှု၊ ယုံကြည်မှု ရှိစေရေးအတွက် ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင် မယ်ဆိုတာကို နည်းလမ်းတွေ ရှာဖွေဖို့အတွက် ဖြစ်တယ်လို့ပြောပါတယ်။

ဒီကိစ္စအတွက် မြန်မာသံရုံး (ဘန်ကောက်) ကို နေပြည်တော်က ညွှန်ကြားခဲ့တာဖြစ်ပြီး မြန်မာသံရုံး (ဘန်ကောက်) က ဘန်ကောက်မှာရှိတဲ့ ဗြိတိန်သံရုံးနဲ့ ဦးစွာတွေ့ဆုံတာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာ  မြန်မာနဲ့  ဗြိတိသျှ  သံအမတ်ကြီးတို့ မနက်ဖြန် တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း အဲဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ မြန်မာနှစ်ဦးကို လူ့အခွင့်အရေး အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံ ဥက္ကဌ ကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က  အဲဒီသဝဏ်လွှာကို အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ ကော်မရှင် အဖွဲ့ဝင်တွေ၊ ဥပဒေကြမ်းကော်မတီ ဥက္ကဌ၊ လွှတ်တော်အုပ်ချုပ်မှုနဲ့ လွှတ်တော်ရေးရာ ကော်မတီတွေက ဥက္ကဌတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပေးပို့ခဲ့တာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org