လိပ်ကျွန်းအမှု အကူအညီပေးဖို့ လူ့အခွင့်အရေးကော်မရှင် စာရေးသားတောင်းဆို
ထိုင်းနိုင်ငံ ခိုတောင်း ခေါ် လိပ်ကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံ ထားရတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့အမှုကို လိုက်ပါ ကူညီပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်က ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဆီကို အောက်တိုဘာ ၂၁ ရက်နေ့က အကြောင်းကြားစာ တစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။
-
2014-10-22 -
-
-
Your browser doesn’t support HTML5 audio
ထိုင်းနိုင်ငံ ခိုတောင်း ခေါ် လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလုပ်သား နှစ်ဦးရဲ့အမှုကို လိုက်ပါကူညီပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဆီကို အောက်တို ဘာ ၂၁ ရက်နေ့က အကြောင်းကြားစာတစ်စောင် ပေး ပို့တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ အမျိူးသား လူ့အခွင့်ရေးကော်မရှင်နဲ့ ထိုင်းအမျိူးသား လူ့အခွင့်ရေးကော်မရှင်တို့ဟာ အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများ အဖွဲ့ဝင်တွေဖြစ်တဲ့အတွက် အမှုမှန်ပေါ်ပေါက်ရေး အတွက် ကူညီပေးဖို့တောင်းဆိုတာဖြစ်တယ် လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်ကပြောပါတယ်။
"လူငယ်များကို ဖမ်းဆီးထိန်းသိမ်းတဲ့အခါမှာ ညှင်းပမ်းနှိပ်စက်ခြင်းမပြုဖို့နဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာပြဌာန်းတဲ့ ကျင့်ဝတ်များနဲ့ အညီဆောင်ရွက်ဖို့ အချက်တစ်ချက်ပါရှိပါတယ်၊ ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ ဝန်ခံထွက်ဆိုချက်ကို အတင်းအကြပ် ခြိမ်းခြောက်ရယူခြင်းမျိုး မပြုသင့်ကြောင်းလည်း ကျနော်တို့ တိုက်တွန်းထားပါတယ်၊ အမှုကိုစစ်ဆေးမယ်ဆိုရင်လည်းပဲ ဥပဒေနဲ့အညီ မှန်ကန်မျှတပြီးတော့ မြန်ဆန်စွာစစ်ဆေးပေးဖို့ တရားခံရဲ့ အခွင့်အရေးများ ဆုံးရံှူးမှုမရှိအောင် ဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုတိုက်တွန်းပါတယ်၊ နောက်တစ်ခုက လိုက်ပါသွားတဲ့ မိသားစုများနဲ့ ထိန်းသိမ်းထားတဲ့လူငယ်နှစ်ဦး တွေ့ဆုံခွင့်အတွက်လည်းပဲ ကျနော်တို့ တိုက်တွန်းထားပါတယ်၊ အဓိကအရေးကြီးတဲ့ ဒီအချက်လေး ၄ ချက် ပါရှိတယ်ဆိုတာလေးကို ကျနော်ပြောကြားလိုပါတယ်"
အမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေပေါ်မှာ မူတည်ပြီး မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်အနေနဲ့ လိုအပ်တဲ့ပံ့ပိုးဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လိ့ုလည်းပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်ကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။