လိပ်ကျွန်းလူသတ်မှု ဥပဒေနဲ့ အညီဖြစ်ရေး ရန်ကုန် မြို့လယ်မှာ တောင်းဆိုဆန္ဒပြ
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို တရား ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေး ဖို့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး ပရာယု ချန်အိုချား ကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
-
2014-10-10 -
-
-
Your browser doesn’t support HTML5 audio
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရ တဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို တရားဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး ပရာယု ချန်အိုချား ကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ ဒီကနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့ မြန်မာ့လူမူဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ခေါင်းဆောင် ဦးနေမျိုးဇင်က
"လက်ရှိမှာ ကျနော်တို့ နိုင်ငံသားတွေအရေးအတွက် ကျနော်တို့ အင်မတန် ပူပင်စိုးထိတ်နေပါတယ် ၊ လောလောဆယ်ကို ထောင်သွင်းအကျဉ်းချထားတဲ့ မျက်နှာငယ်ငယ်လေးတွေနဲ့ သံတိုင်နောက်က သူတို့ ပုံတွေကိုကြည့်တိုင်း ကျနော်တို့ ဝမ်းနည်းကြေကွဲနေရ ပါတယ်၊ သူတို့က ဘယ်တိုင်းရင်းသားပဲဖြစ်နေပါစေ ကျနော်တို့အားလုံးဟာ ပြည်ထောင်စုသားတွေပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာ စွာဆောင်ရွက်ပေးပါ၊ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါမှာလည်း ဒီအရေးအရာကို ဥပဒေရဲ့ အကာအကွယ် အတိအကျရအောင် ဆောင်ရွက်ပေးပါ"
ဒီနေ့ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး ပရာယု ချန်အိုချားကို ထိုင်းနိုင်ငံသံရုံးရှေ့မှာ ဆန္ဒပြဖို့ ကြိုးစားခဲ့ကြပေမယ့် ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးက လုံခြုံရေးကြောင့် ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ရဲ့ နှစ်ရက်တာခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တွေ့ဆုံခဲ့ရာမှာ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုှပ်နှံမှု ကိစ္စရပ်တွေအပြင်၊ ခိုတောင်ကျွန်း လူသတ်မူကိစ္စကိုလည်း ဆွေးနွေးခဲ့တယ် လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ လူ ၁၅ ယောက်လောက်ပါဝင်ခဲ့ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့နဲ့ လက်ရှိထိုင်းနိုင်ငံ ခိုတောင်းကျွန်းက လူသတ်မှုမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ကို တောင်းဆိုခဲ့ကြပါတယ်။
မြန်မာအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ အရေးယူအပြစ်ပေးဖို့ ထိုင်းရဲတပ်ဖွဲ့က အကြံပြုတိုက်တွန်းထားတဲ့ အစီရင်ခံစာကို ထိုင်းတောင်ပိုင်း စူရတ်ဌာနီ တရားစွဲဆိုရေး ဥပဒေကော်မရှင်ရုံးက ရဲတပ်ဖွဲ့ရဲ့အစီရင်ခံမှာ အရေးကြီးတဲ့ အချက်အလက်တွေ လိုအပ်နေတယ်ဆိုပြီး မနေ့က ပယ်ချခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။