ကြက်ဖကြီးအကောင့်ပိုင်ရှင်လို့ စွပ်စွဲခံရသူကို စွဲချက်တင်
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဓာတ်ပုံတွေကို ပြုပြင်ပြီး ဖေ့ဘွတ်စ် စာမျက်နှာမှာ တင်ခဲ့တဲ့ ကြက်ဖကြီး အကောင့်ပိုင်ရှင်လို့ စွပ်စွဲခံရသူ ဦးလှဖုန်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ နှစ်မှု၊ နိုင်ငံတော်အလံပုဒ်မ ၁၆၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ စွဲချက်တင်လိုက်ပါတယ်။
-
2016-08-22 -
-
-
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဓာတ်ပုံတွေကို ပြုပြင်ပြီး ဖေ့စ်ဘွတ် စာမျက်နှာမှာ တင်ခဲ့တဲ့ ကြက်ဖကြီး အကောင့်ပိုင်ရှင်လို့ စွပ်စွဲခံရသူ ဦးလှဖုန်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃနဲ့ နှစ်မှု၊ နိုင်ငံတော်အလံပုဒ်မ ၁၆၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ စွဲချက်တင်လိုက်ပါတယ်။
တရားရှင်လွှတ်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် အမှုကို မရုတ်သိမ်းပေးခဲ့ဘူးလို့ ဦးလှဖုန်းရဲ့ ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ပြောပါတယ်။
"ကြက်ဖကြီးရဲ့ အမှုနဲ့ပတ်သက်လို့ အမှုလေးမှုလုံးကို စွဲချက်တင်လိုက်ပါတယ်။ တရားရှင်လွှတ်မယ်လို့ မျှော်လင့်ခဲ့ တယ် ဘာလို့လဲဆိုတော့ အစိုးရသစ်လက်ထက်မှာ နိုင်ငံနဲ့အဝှမ်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့ အမှုတွေကို ရုတ်သိမ်းတာတွေရှိခဲ့ပါတယ်။ဒါပေမယ့် ဒီမှာကတော့ ရုပ်သိမ်းတာတွေမရှိပါဘူး"
အမှုကို လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ ပြန်လည်စစ်ဆေးမှာဖြစ်ပါတယ်။
ဦးလှဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ဖမ်းဆီးပြီး တရားရင်ဆိုင်နေရတာ အခုဆိုရင် ၆ လ ကျော်ကြာပြီဖြစ် ပါတယ်။