ခိုထောင်းကျွန်း လူသတ်မှုကိစ္စ စုံစမ်းရေးကော်မတီ သတင်းစာ ရှင်းလင်း

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦး အမှုအတွက် သက်သေထွက်ဆိုပေး နိုင်မယ့် သူတွေရှိပေမဲ့ လုံခြုံရေး စိုးရိမ်ချက်ကြောင့် သက်သေအဖြစ်မလိုက်ရဲကြဘူးလို့ မြန်မာနိုင်ငံသား ၂ ဦး အမှုကို လိုက်လံဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ မြန်မာနှစ်ဦး ကို တွေ့ရစဉ် Photo: EPA

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းခေါ် လိပ်ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရ တဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦး အမှုအတွက် သက်သေထွက်ဆိုပေးနိုင်မယ့် သူတွေရှိပေမဲ့ လုံခြုံရေး စိုးရိမ်ချက်ကြောင့် သက်သေအဖြစ်မလိုက်ရဲကြဘူး လို့ မြန်မာနိုင်ငံသား ၂ ဦး အမှုကို လိုက်လံဆောင် ရွက်ပေးနေသူတွေက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ထိုင်းနိုင်ငံဘန်ကောက် မြို့ မြန်မာသံရံုံးက ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းရေးကော်မ တီက သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။

သူတို့၂ ဦးအတွက် သက်သေရဖို့ဆိုရင် မြန်မာအစိုးရက သက်သေတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ အထူးစုံစမ်းရေးကော်မတီ တာဝန်ခံ ဦးကျော်သောင်း က ပြောပါတယ်။

"သူတို့သိတာကိုပြောလိုက်ရင် သူတို့အလုပ်လုပ်ဖို့နေရာ မရှိတော့ဘူး၊ သူတို့ထိုင်း ပလိပ်တွေကိုကြောက်တယ်၊ ထိုင်းသူဌေးကိုကြောက်တယ်၊ အဲ့ဒီအခက် အခဲသည် ကျနော်တို့အတွက် အဓိကအခရာကျတဲ့ အခက်အခဲ တစ်ခုဖြစ်တယ်၊ ဒီအခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့အတွက် ကျနော်တို့က နိုင်ငံတော် အစိုးရကို တင်ပြရ တာဖြစ်ပါတယ်"

ဒီလ ၂၆ ရက်နေ့မှာ သူတို့ ၂ ဦးအမှုကို Koh Samui ခရိုင်တရားရုံးမှာ နှစ်ဖက်သက်သေတွေကို စစ်ဆေးမှာဖြစ်ပါတယ်။ လိုအပ်တဲ့ သက်သေတွေကို ရှာဖွေဖို့အတွက် အထူးစုံစမ်းရေးကော်မတီက တနသာၤရီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည် နယ်တွေကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ် ဆိုတဲ့စွဲဆိုချက်နဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org