ခိုတောင်းကျွန်းမှ လူသတ်မှု နှစ်ဖက် တင်ပြချက် မတူညီ

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ယောက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲခံထားရ တဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့အမှု ကို ဇူလိုင်လ ၁၀ ရက်နေ့က သုံးရက်မြောက်နေ့အဖြစ် စစ်ဆေးခဲ့ရာမှာ မှုခင်းဆရာဝန်တွေရဲ့တင်ပြချက်တွေဟာ တရား လိုဖက်က တင်ပြချက်တွေနဲ့ မတူညီပဲ ထူးခြားမှုတွေ ထပ်မံတွေ့ရှိရတယ်လို ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါ တယ်။

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာနှစ်ဦးကို တွေ့ရစဉ် www.thairath.co.th

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ယောက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲ ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့အမှုကို ဇူလိုင်လ ၁၀ ရက်နေ့က  သုံးရက်မြောက်နေ့ အဖြစ် စစ်ဆေးခဲ့ရာမှာ မှုခင်းဆရာဝန်တွေရဲ့တင်ပြချက်တွေဟာ တရားလိုဖက်က တင်ပြချက်တွေနဲ့ မတူညီပဲ ထူးခြား မှုတွေ ထပ်မံတွေ့ရှိရတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ကော့စမွီခရိုင်တရားရုံးမှာ ထိုင်းရဲတပ်ဖွဲ့ဝင်လည်းဖြစ် မှုခင်းဆရာဝန်လည်းဖြစ်တဲ့ တရားလိုပြသက်သေနှစ်ယောက်ကို စစ်ဆေးခဲ့ပြီး တရားရုံးမှာ ထွက်ဆိုခဲ့တာ တွေနဲ့ ပတ်သက်လို့ မြန်မာသံရုံး ကိုယ်စားပြုရှေ့နေ ဦးအောင်မျိုးသန့် က RFA ကို အခုလို ပြောဆိုပါတယ်။

"ဒီနေ့ နှစ်ယောက်ပဲ စစ်လိုက်ရတယ်၊ မှုခင်းဆရာဝန်ပေါ့လေ၊ ဝါရင့်ဆရာဝန်ရဲ့ ပြောကြားချက်အရ သေဆုံးသူ ဟန်နာရဲ့ တန်ဆာမှာ DNA နှစ်ခု တွေ့ပြီးတော့ စအိုနားမှာ DNA တစ်ခု DNA တွေက မတူညီဘူး သဘောက လူသုံးယောက် ပြုကျင့်တဲ့ သဘောဖြစ်နေပါတယ်။ အဲ့ဒါကိုတော့ ပေါ်လွင်ပါတယ်၊ အဲ့တော့ တရားခံ နှစ်ယောက်ထဲနဲ့ ဘယ်လိုမှ DNA သုံးမျိုး မဖြစ်နိုင်ဘူးဆိုတာလည်း မြင်သာပါတယ်၊ နောက်တစ်ချက်က သေတဲ့လူရဲ့ ကျောကုန်းမှာဝင် တဲ့ အပေါက်ကလေး တစ်ခုဟာ ကျည်ဆံပေါက်ရာမျိုး ဒါပေမဲ့ ကျည်ဆံလို့ မပြောဘူး ခုံးခုံးလေး ဖြစ်နေပါ တယ် ပေါက်ပြားနဲ့ ထိတဲ့ ဒဏ်ရာမဟုတ်ဘူးဆိုတဲ့ တစ်ခုလည်း ပေါ်ပါတယ်၊ နောက်တစ်ခု ထူးခြားတာက အလောင်းသေသူ ဟန်နာရဲ့ ညာဖက် လက်ခလယ်နဲ့ လက်သူကြွယ် ကြားမှာ ဆံပင် အနီရောင် နှစ်လက်မ ဆံပင် အပျော့ပေါ့လေ ပါတယ်ဆို တာလည်း ပေါ်ပါတယ်၊ လောလောဆယ်အခြေအနေကတော့ အခုအချိန်ထိ ခိုင်လုံတဲ့ စွဲချက်တွေ မထွက်နိုင်သေးဘူး"

သုံးရက်ကြာ စစ်ဆေးခဲ့ရာမှာ တရားလိုပြသက်သေ ၉ ယောက်ရဲ့ ထွက်ဆိုချက်တွေအရ ကွဲလွဲမှုတွေ ပိုများလာနေပြီး ရှုပ်ထွေးမှုတွေ ရှိနေသလို မြန်မာနိုင်ငံ သားတွေသက်သေ အဖြစ် ပါဝင်ခဲ့ရာမှာလည်း အမှုအတွက် ဘာသာပြန်အခက် အခဲတွေရှိတာကြောင့် တရားခံတွေဖက်က စစ်ဆေးမှုတွေ စတင်မယ်ဆိုရင် ထိုင်း မြန်မာ ဘာသာပြန်ဆို နိုင်မည့်သူ လိုအပ်နေတယ်လို့လည်း ရှေ့နေ ဦးအောင်မျိုးသန့် က ဆက်ပြောပါတယ်။

"အမှုကတော့ တော်တော်လေးကောင်းပြီးတော့ တော်တော်လေး ရှုတ်ပါတယ်၊ ဒါပေမဲ့ ကျနော်တို့ ဒီဗမာပြည်ဘက် ကလည်း ဘာသာကျွမ်းကျင်တဲ့လူတော့ ပံ့ပိုးဖို့လိုလိမ့်မယ်၊ ကျနော်တို့ ကလေးတွေ စစစ်တဲ့ အချိန်ကြရင် ဘာဖြစ်လို့ လည်းဆိုတော့ မနေ့က တွေ့ရတဲ့ မောင်အိုရဲ့ စစ်ချက်မှာ ကြည့်မယ်ဆိုရင် မောင်အို က ရခိုင်ဖြစ်နေတယ်၊ ဘာသာပြန်ပေးတဲ့ ရဲခေါ်လာတဲ့ ဘာသာပြန်က ထားဝယ်ဖြစ် နေတယ်၊ အဲ့ဒီအခါမှာ သူတို့အချင်းချင်းကို စကားပြောတာ မတည့်တဲ့ အတွက်ကြောင့်မို့ တရားခွင်မှာ တော်တော် အခက်အခဲဖြစ်သွားပါတယ်။ ဒါမျိုးတွေလည်း လိုအပ်ပါတယ်"

ဒီနေ့ တရားလိုပြသက်သေတွကို စစ်ဆေးမေးမြန်းအပြီးမှာတော့ ထိုင်းရဲထံမှာရှိတဲ့ ပေါက်တူး၊ ဖိနပ်၊ ပီနံအိတ် သုံးမျိုး ကို ပြန်စစ်ဆေးဖို့ ခွင့်ပြုချက်ရခဲ့ပြီး အလောင်း နဲ့ ပတ်သက်တဲ့အရာတွေကို ထပ်စစ်ခွင့်ရဖို့ တရားခံဖက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

တရားလိုဖက်ကနေပြီး တရားလိုပြသက်သေ ၆၅ ယောက်ထဲက လေးယောက်ခန့်ကိုလည်း လာမည့် ရုံးချိန်းကြရင် ပြန် ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org