ကိုးကန့်မှာ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်

လေးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၂ဝ ကျော်သေဆုံးပြီး MNDAA ဘက်က တစ်ယောက်သေဆုံးတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့က သိမ်းဆည်းရမိသည်များကို တွေ့ရစဉ်။ The Kokang

ဇွန်လ ၂ ရက်နေ့ကစလို့ ဇွန်လ ၆ ရက်နေ့အထိ ကိုးကန့်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ MNDAA ဘက်က ထုတ်ပြန်ပါတယ်။

ဒီနေ့ (ဇွန်လ ၆ရက်) မနက်ပိုင်းမှာ MNDAA တပ်မဟာ ၅၁၁ ဘက်ကို စစ်ကောင်စီက ပစ်ခတ်ရာကစပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

လေးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၂ဝ ကျော်သေဆုံးပြီး MNDAA ဘက်က တစ်ယောက်သေဆုံးတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားပြီးနောက် စစ်ကောင်စီက MNDAA ရဲ့ စခန်းတွေကို ထိုးစစ်ဆင်နေတာပါ။

လေးရက်ကြာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းမိခဲ့တယ်လို့ MNDAA က ပြောပါတယ်။

တပ်စခန်းတွေကို ထိုးစစ်ဆင်ရုံသာမက စစ်ကောင်စီတပ်တွေဟာ ဒေသခံအရပ်သားတွေသွားတဲ့ လမ်းကြောင်းတွေကိုပါ ပိတ်ဆို့တားမြစ်တာနေတယ်လို့လည်း MNDAA ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org