အင်းစိန်အောင်စိုးနဲ့ ပတ်သက်ပြီး တရားခံဘက်က သက်သေဖြစ်သူထွက်ဆို

တရားလွှတ်တော် ရှေ့နေ ဦးကိုနီအမှုကို ဒီနေ့ ရုံးထုတ်စစ်ဆးရာမှာ တရားလိုပြသက်သေ အင်းစိန်အောင်စိုးဟာ ယုံကြည်ထိုက်သူ မဟုတ်ကြောင်း တရားခံဘက်က သက်သေဖြစ်တဲ့ လှိုင်ဝေထွန်း ခေါ် အငယ်လေးက သက်သေထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံရာမှာ ပါဝင်ခဲ့သူတွေကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် Photo: Kyaw Zaw Win/RFA

တရားလွှတ်တော် ရှေ့နေ ဦးကိုနီအမှုကို ဒီနေ့ ရုံးထုတ်စစ်ဆးရာမှာ တရားလိုပြသက်သေ အင်းစိန်အောင်စိုးဟာ ယုံကြည်ထိုက်သူ မဟုတ်ကြောင်း တရားခံဘက်က သက်သေဖြစ်တဲ့ လှိုင်ဝေထွန်း ခေါ် အငယ်လေးက သက်သေထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဦးကိုနီအမှုနဲ့ ပတ်သက်လို့ အင်းစိန်အောင်စိုး ထွက်ဆိုခဲ့တဲ့ ထွက်ဆိုချက်တွေဟာ မှန်ကန်မှု မရှိကြောင်း လှိုင်ဝေထွန်းဆိုသူက တရားရုံးကို လာရောက်ထွက်ဆိုတာဖြစ်ပြီး လက်ရှိအမှုနဲ့တော့ သက်ဆိုင်မှုမရှိဘူးလို့ ဦးကိုနီဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။

ရန်ကုန် အင်းစိန်မြောက်ပိုင်း ခရိုင်တရားရုံးမှာ ဦးကိုနီအမှုကို ဒီနေ့ စစ်ဆေးရာမှာ တရားခံတွေဘက်က သက်သေတစ်ယောက် တင်သွင်းခဲ့တာလို့ သိရပါတယ်။

တရားခံဘက်က သက်သေဖြစ်တဲ့ လှိုင်ဝေထွန်း ခေါ် အငယ်လေး ဟာ တရားလိုပြသက်သေ အင်းစိန်အောင်စိုး၊ ဦးကိုနီကို လုပ်ကြံမှုနဲ့ စွဲချက်တင်ခံထားရတဲ့ အောင်ဝင်းဇော်တို့နဲ့ မန္တလေး အိုးဘိုထောင်မှာ ထောင်အတူကျခဲ့ဖူး သူဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ တရားရုံးကို လာရောက်တဲ့ သက်သေရဲ့ ထွက်ဆိုချက်ကတော့ အင်းစိန်အောင်စိုးနဲ့ မန္တလေး အိုးဘိုထောင်မှာ အတူရှိခဲ့စဉ်က အတွေ့အကြုံတွေကို ပြောပြတာလို့ စွဲချက်တင်ခံထားရသူတွေဘက်က  ရှေ့နေဖြစ်သူ ဦးကျော်ကျော်ထိုက်က ပြောပါတယ်။

အောင်ဝင်းဇော်ဆိုသူဟာ ဦးကိုနီလုပ်ကြံဖို့ သူ့ကို ငွေကြေးနဲ့ လာရောက်ကမ်းလှမ်းခဲ့ဘူးတယ်လို့ အင်းစိန်အောင်စိုးက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း ဇေယျာဖြိုးတို့ကို အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။ အမှုထဲမှာ ပါဝင်တဲ့ အောင်ဝင်းခိုင် ဆိုသူကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org