ဦးကိုနီလုပ်ကြံမှု ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အပြီးသတ် အမိန့်ချမည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း စွဲချက်တင်ခံရသူအားလုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်မယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

ဦးကိုနီကို လုပ်ကြံခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် Photo: Kyaw Zaw Win/RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း စွဲချက်တင်ခံ ရသူအားလုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်မယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ အမှုနဲ့ ပတ်သက်ပြီး ၂ ဖက်ရှေ့နေတွေ ဒီနေ့ အပြီးသတ် လျောက်လဲချက်ပေး ခဲ့ပြီးဖြစ်တာကြောင့် နောက်တစ်ခေါက်ရုံးချိန်းမှာ အမှုကို အပြီးသတ် အမိန့်ချမှာလို့ တရားလို ရှေ့နေ ဦးနေလက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ အနီးကပ်လုပ်ကြံ ခံခဲ့ရတဲ့ ဦးကိုနီ အမှုဟာ ၂ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ရုံးချိန်းပေါင်း ၁၀၀ ကျော် စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org