ဦးကိုနီအမှုအယူခံ ဇွန် ၂၄ ရက်နေ့ အပြီးသတ်ကြားနာမည်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ နှစ်ဖက်အယူခံတင်ထားတဲ့ အပြီး သတ်လျောက်လဲချက်ကို လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ ကြားနာမယ်လို့သိရပါတယ်။

ရှေ့နေ ဦးကိုနီ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ အောင်ဝင်းဇော် ကို အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ရုံးထုတ်ခဲ့စဉ် Photo: Kyaw Zaw Win/RFA

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ နှစ်ဖက်အယူခံတင်ထားတဲ့ အပြီးသတ်လျောက်လဲချက်ကို လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ ကြားနာမယ်လို့သိရပါတယ်။

တရားလိုတွေနဲ့ ဥပဒေရုံးချူပ်ဖက်က ရာဇဝတ်ပြင်ဆင်မှု ၃ ခုနဲ့ တရားလိုဘက်က ရာဇဝတ်အယူခံ နှစ်မှု စုစုပေါင်း ငါးမှုကို အဲဒီ၂၄ ရက်နေ့မှာ တစ်ပြိုင်တည်း အပြီးသတ်ကြားနာမယ်လို့လည်း သိရပါတယ်။

အဲဒီအမှုမှာ တရားခံပြေး အောင်ဝင်းခိုင်မှာ ဒီနေ့အချိန်အထိ လွတ်မြောက်နေဆဲဖြစ်ပြီး တရားခံ ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့၊ ဇေယျာဖြိုးကို ထောင် ၅ နှစ်နဲ့ အောင်ဝင်းထွန်းမှာ ထောင် ၃ နှစ် ကျခံဖို့ အသီးသီးအမိန့်ချမှတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org