ကိုပါကြီး သတ်ဖြတ်ခံရမှု စစ်တပ်အရာရှိ ၃၀ ကျော်ကို စစ်ဆေးမေးမြန်း

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရတဲ့အမှုနဲ့ ဆက်နွယ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ခြေမြန် တပ်ရင်း၂၁ဝ၊ ၂ဝ၄၊၂ဝ၈နဲ့ ခြေလျင်တပ်ရင်း ၈၁ က အရာရှိ ၃ဝ ကျော်ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေးသုဿန်မှာ နိုဝင်ဘာ ၇ ရက်နေ့က ဂူသွင်းသြင်္ဂိုဟ်ခဲ့ပါတယ်။ Photo: Kyaw Htoon Naing/RFA

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရတဲ့အမှုနဲ့ ဆက်နွယ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ခြေမြန် တပ်ရင်း၂၁ဝ၊ ၂ဝ၄၊၂ဝ၈နဲ့ ခြေလျင်တပ်ရင်း ၈၁ က အရာရှိ ၃ဝ ကျော်ကို မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်က စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ကိုပါကြီးရဲ့ ရုပ်အလောင်း ရင်ခွဲစစ်ဆေးချက်အဖြေနဲ့ အဲ့ဒီအရာရှိတွေကို စစ်ဆေးမေးမြန်းထားချက်တွေကို စုစည်းပြီးမှ ကိုပါကြီးသေဆုံးရတဲ့ အကြောင်းအရင်းကို သုံးသပ်လို့ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် က ပြောပါတယ်။

"ကျိက်မရောနားကို KKO အဖွဲ့လာတာကစ ပြီး ဖြစ်စဉ်ကဆက်စပ်နေတော့ အောက်တိုဘာ ၄ ရက်နေ့အထိ ဖြစ်စဉ်နဲ့ဆက်စပ်နေတဲ့ အဲ့ဒီနေရာ မှာဖြစ်တဲ့ ခ.မ.ရ (၂၁ဝ)၊ ခ.မ.ရ (၂ဝ၈)၊ (၂ဝ၄)၊ ခ.လ.ရ (၈၁) တပ်တွေက တပ်မှူးကြီးတွေ၊ အရာရှိတွေ၊ အရာရှိကြီးအဆင့်တွေ၊ ရဲဘက်ကလည်း အရာရှိကြီးအဆင့်တွေဖြစ်ပါတယ်၊ နောက် ပြည် နယ်ကလည်းပဲ ဝန်ကြီးတစ်ဦး ထွက်ဆိုချက်ပေးပါတယ်၊ ရင်ခွဲစစ်ဆေးချက်နဲ့ နောက်ထပ် အရာရှိတွေ စစ်တာနဲ့ကျမှ ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်လို့ရမယ်ဆိုတာပေါ့"

ဒါ့အပြင် ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်နယ်ဝန်ကြီးတစ်ဦးနဲ့ အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်ရွာတွေ က ဒေသခံတွေကိုလည်း စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် တပ်ရင်း ၄ ခုကအရာရှိ ၇ ဦးကိုလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးဖို့ကျန်သေးပြီး အကုန်လုံးစစ်ဆေးပြီးသွားတဲ့အခါမှာ ကိုပါကြီးရုပ်အလောင်းရဲ့ ဓါတ်ခွဲခန်းအဖြေနဲ့ ပေါင်းစပ်သုံးသပ်ထားချက်တွေ ကို နိုင်ငံတော် သမ္မတဆီ ပေးပို့သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဦးစစ်မြိုင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org