မင်းကင်းမြို့နယ် ကြာပင်ရွာသားတစ်ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကြာပင်ရွာက ကိုအောင်နိုင်ဝင်း ဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။

မင်းကင်းမြို့နယ်က ရွာတွေထဲ စစ်ကောင်စီတပ်စွဲထားလို့ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေကို တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကြာပင်ရွာက ကိုအောင်နိုင်ဝင်းဆိုသူဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်က လယ်ထဲမှာ စပါးရိတ်ခြွေအပြီး အိမ်အပြန်လမ်းမှာ အဖမ်းခံလိုက် ရတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးခံရသလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတစ်ယောက် က ပြောပါတယ်။

လက်ရှိကြာပင်ရွာရဲစခန်းမှာ ဖမ်းဆီးထားပြီး အသေးစိတ်အခြေအနေတော့ မသိရသေး ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၃ နှစ် အရွယ် ကိုအောင်နိုင်ဝင်းဟာ လယ်လုပ်ငန်းကိုသာ လုပ်ကိုင်သူတစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပေမယ့်လည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မင်းကင်းမြို့နယ်ထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူပေါင်း ၆၀ ကျော်ရှိပြီလို့ မင်းကင်း ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org