ကျောက်ဖြူမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာမှာ အခုလ ၁၇ ရက်နေ့ကစပြီး လူ ၅၀ ကျော် ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
-
2016-10-21 -
-
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာမှာ အခုလ ၁၇ ရက်နေ့ကစပြီး လူ ၅၀ ကျော် ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
သီတင်းကျွတ်လပြည့်နေ့က ရွာဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ စုပေါင်းအလှူကနေတဆင့် ဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ပြောပါတယ်။
" ၁၇ ရက်နေ့ အလှူမှာဖြစ်တာပေါ့။ ပုဇွန်တက်တို့ ပြီးတော့ ငါးမုန့်တို့ ကြာဇံကြော်လည်း စားတယ် ပြောတယ်။ ပြီးရင် မုန့်တီလည်း စားကြတယ်ပြောတယ်။ ဖြစ်ဖြစ်ချင်းကတော့ ၁၈ ယောက်ပဲ ဖြစ်သွားတယ်။ ၁၈ ရက်နေ့ ညနေပိုင်းရောက်တော့ ၄၁ ယောက်ထိ တိုးလာတယ်။ ၁၉ ရက်နေ့မှာ တော့ ၁ ယောက်က ဆုံးသွားတယ်။ အသက် ၇၅ နှစ်ရှိတဲ့ အဘွားကြီးတစ်ယောက်ကတော့ ဆုံး သွားတယ်။သူကတော့ အသက်ကြီးတဲ့ဒဏ်ကော ရောဂါဒဏ်တွေကော အဲ့ဒါနဲ့ ဆုံးသွားတယ်"
လက်ရှိအချိန်မှာတော့ ရောဂါပိုးကူးစက်မှုမရှိအောင် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ဆက်လက်စောင့်ကြည့်ရ မှာ ဖြစ်တယ်လို့ ကျောက်ဖြူခရိုင် ပြည့်သူဆေးရုံးကြီးက ဆရာဝန်ကြီး ဒေါက်တာရဲလွင်မောင်က ပြောပါတယ်။
ရောဂါပိုးကူးစက်မှုမရှိအောင် ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပြီး အလံ ချိန်ကျေးရွာအတွင်း သောက်သုံးကြတဲ့ သောက်သုံးရေ နမူနာကိုလည်း ဓါတ်ခွဲစမ်းသပ်ဖို့ ကျောက်ဖြူ ခရိုင် ပြည်သူ့ဆေးရုံကို ယူဆောင်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အို ၈ ဦးကို ခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးနေသလို အလံချိန်ကျေးရွာမှာလည်း ကျန်းမာရေးမှူးနဲ့အဖွဲ့ကို ဆေးဝါးကုသဖို့ ထားရှိထားတယ်လို့ သိရပါတယ်။